ပါကစ္စတန် ရူပီးငွေတန်ဖိုး ဆက်လက် ကျဆင်း

ပါကစ္စတန် ရူပီးငွေတန်ဖိုး ဆက်လက် ကျဆင်း

ပါကစ္စတန်နိုင်ငံသုံး ရူပီးငွေတန်ဖိုးသည် ဆက်လက် ကျဆင်းနေခဲ့ပြီး ပြီးခဲ့သည့် ဧပြီ ၇ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၉ ရူပီး အထက်ဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်၏ နိုင်ငံရေးအကျပ်အတည်း နက်ရှိုင်းနေခဲ့စဉ် ယခုကဲ့သို့ နောက်ထပ် ငွေကြေးတန်ဖိုး လျော့ကျမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ လက်ရှိ ငွေလဲလှယ်နှုန်း အခြေအနေနှင့် ပတ်သက်ပြီး ပါကစ္စတန်ဗဟိုဘဏ် (SBP) က ဆက်လက် နှုတ်ဆိတ်နေကြောင်း Geo News က ဖော်ပြသည်။

ယင်းနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်း နက်ရှိုင်းနေခဲ့ပြီးနောက် ပါကစ္စတန် ရူပီးငွေတန်ဖိုးသည် မတ်လ ၄ ရက်နောက်ပိုင်း ၁၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးထားခဲ့သည်။

ပါကစ္စတန် ပြည်တွင်းငွေကြေးသည် ဘဏ်အချင်းချင်းဈေးကွက်၌ ရူပီး ၁၈၉ နှုန်းဖြင့် ရောင်းဝယ်ခဲ့ရာတွင် ဧပြီ ၆ ရက် အပိတ်ဈေးဖြစ်သည့် ၁၈၆ ဒသမ ၁၃ ရူပီး ကနေ ၂ ဒသမ ၈၇ ရူပီး ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly