တရုတ်က ပြိုင်ဘက်များကို တိုက်ခိုက်ရေးလက်နက်တစ်ခုအဖြစ် ရှားပါးမြေသတ္ထုရောင်းဝယ်မှုကို အသုံးချနေ

တရုတ်က ပြိုင်ဘက်များကို တိုက်ခိုက်ရေးလက်နက်တစ်ခုအဖြစ် ရှားပါးမြေသတ္ထုရောင်းဝယ်မှုကို အသုံးချနေ

အမေရိကန်အစိုးရ၊ သြစတြေးလျအစိုးရတို့နှင့် တရုတ်က ဆက်ဆံရေး တင်းမာမှုများ ပိုမိုဆိုးရွားလာချိန်တွင် တရုတ်က ပြိုင်ဘက်များကို တိုက်ခိုက်ရေးလက်နက်တစ်ခုအဖြစ် လက်ဝါးကြီးအုပ်ထားသော ရှားပါးမြေသတ္ထု ရောင်း ဝယ်မှုကို အသုံးချလျက်ရှိသည်။

ခေတ်မီစီးပွားရေးကို တွန်းအားပေးပြီး ရာသီဥတုပြောင်းလဲမှုကို စီမံခန့်ခွဲရာတွင် အရေးပါသောတွင်းထွက်ပစ္စည်း များဖြစ်သဖြင့် ဝယ်လိုအားများနေသော်လည်း တရုတ်နှင့် ဆက်ဆံရေးပိုမိုဆိုးရွားလာခြင်းကြောင့် သြစတြေး လျနှင့် ယင်း၏ မဟာမိတ်များကို ရှားပါးမြေသတ္ထုရောင်းချခြင်း ရပ်ဆိုင်းပစ်နိုင်ကြောင်း ကျွမ်းကျင်သူများ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တရုတ်၏ ကြွေးမြီထောင်ခြောက်သံခင်းတမန်ခင်းကို ရှောင်ရှားရန် သြစတြေးလျရှိ ဂျပန်ထိပ်တန်းသံတမန် ယာမာဂါမီ ရှင်းဂိုက သြစတြေးလျအား ဆိုးရွားစွာ စီးပွားရေးအကျပ်အတည်း ဖြစ်စေနိုင်သောကြောင့် တရုတ်ကို အလွန်အမင်း မမှီခိုရန် သတိပေးခဲ့သည်။

တစ်နှစ်ကျော်ကြာ သြစတြေးလျနိုင်ငံဆိုင်ရာ ဂျပန်ထိပ်တန်းသံတမန်တစ်ဦးဖြစ်သည့် ယာမာဂါမီက အရေးပါ သော သတ္ထုနှင့် သဘာဝဓာတ်ငွေ့များ အပါအဝင် သြစတြေးလျ သယံဇာတများတွင် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အများအပြားကို ညွှန်ပြခဲ့သည်ဟု Singapore Post သတင်းတွင် ဖော်ပြထားသည်။

အစောပိုင်းတွင် တရုတ်က ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များအား မုယောစပါးအပေါ် အခွန် ၈၀ ရာခိုင်နှုန်း ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သည်။

ယင်းပြောင်းလဲမှုသည် ဩစတြေးလျအပေါ် စီးပွားရေးအကျပ်ကိုင်မှု နည်းဗျူဟာပိုင်းအရ မအောင်မြင်ကြောင်း ဖော်ပြနေသည်ဟု ပညာရှင်အဖွဲ့က သတိပေးခဲ့သည်။

ဩစတြေးလျ မုယောစပါးစိုက်ပျိုးသူများသည် မုယောစပါးစိုက်ပျိုးပြီးနောက်တွင် အကောက်ခွန်များ ၈၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကြောင့် ငွေကြေးဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။ သွင်းကုန်စည်းကြပ် ခွန်များကြောင့် ဈေးနှုန်းများ ပြိုကျသွားခဲ့သည်။

ဆော်ဒီအာရေဗျတွင် အခြားဝယ်လက်ကို ရှာဖွေခြင်းကဲ့သို့သော သြစတြေးလျအစိုးရ၏ ကြိုးပမ်းမှုဖြင့် ဈေးကွက်သည် သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သြစတြေးလျစာရင်းအင်းဗျူရို၏ ဖော်ပြချက်အရ သြစတြေးလျမုယောစပါးတန်ချိန် ၃၃၀ဝဝ သာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တရုတ်သို့ တင်ပို့ခဲ့သည်။

ယင်းကာလ၌ပင် ဆော်ဒီအာရေဗျသည် တန်ချိန် ၁ ဒသမ ၅ သန်း ဝယ်ယူသည့် အကြီးဆုံးဈေးကွက်ကြီး ၃ ခု အနက် ၁ ခု ဖြစ်လာခဲ့ကြောင်း Singapore Post က ဖော်ပြခဲ့သည်။

လက်ရှိတွင် တရုတ်သည် ကမ္ဘာ့ ရှားပါးမြေသတ္တုအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှု၏ ၇၀ မှ ၈၈ ရာခိုင်နှုန်းအထိ လွှမ်းမိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required