အီရန်၌ အာဖဂန်ဒုက္ခသည်များအပေါ် ဒုက္ခပေးနှောင့်ယှက်မှုများ ရှိနေ

အီရန်၌ အာဖဂန်ဒုက္ခသည်များအပေါ် ဒုက္ခပေးနှောင့်ယှက်မှုများ ရှိနေ

အီရန်နိုင်ငံ၌ ရောက်ရှိနေသည့် အာဖဂန်ဒုက္ခသည်များ မည်ကဲ့သို့ အနှောင့်အယှက်ပေးခံနေရသလဲ ဆိုသည်ကို ပြသသည့် ဗီဒီယိုတစ်ခု လူမှု်မီဒီယာ ပလက်ဖောင်းများပေါ် ပျံ့နှံ့ရောက်ရှိခဲ့သည်။

အဆိုပါ ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတွင် အာဖဂန်ဒုက္ခသည်များ လူကြားထဲ ညှင်းပန်းနှိပ်စက်ခံနေရခြင်းနှင့် မလျော်မကန် ပြုမူခံရခြင်း တို့ကို ပြသခဲ့သည်။

ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် အာဖဂန်ဒုက္ခသည်များသည် ခိုလှုံစရာနေရာများ ရှာဖွေရင်း အိမ်နီးချင်း အီရန်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

၎င်းတို့အနက် အများအပြားသည် တရားဝင် အထောက်အထား စာရွက်စာတမ်းများ သို့မဟုတ် ဗီဇာများ မရှိကြသည့်အတွက် ယခုကဲ့သို့ ဒုက္ခပေးနှောင့်ယှက်ခံရခြင်း ဖြစ်ကြောင်း Tolo News က ဖော်ပြသည်။

“ကျွန်တော် ပြီးခဲ့တဲ့ ၄ လအကြာက အီရန်ကို သွားခဲ့ပါတယ်။ ဒါပေမယ့် ဗီဇာ ရှိတဲ့သူတွေကိုတောင်မှ သူတို့ဘက်က ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာကြောင့် ကျွန်တော်ဟာ ရဲတွေဆီ သွားအဖမ်းခံပြီး ကျွန်တော့်ကို အာဖဂန်နစ္စတန်ဆီ ပြန်ပို့ပေးဖို့ ပြောခဲ့ရပါတယ်” ဟု နိုင်ငံသို့ ပြန်လာခဲ့သည့် အာဖဂန် ဒုက္ခသည်တစ်ဦးဖြစ်သော ဆေယက်ဒ် မမ်တက်ဇ်က ပြောသည်။

“အဓိက ပြဿနာကတော့ နေထိုင်မှုဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတွေ မရှိတာပဲဖြစ်ပါတယ်။ အများအပြားကတော့ မကြာသေးခင်ကပဲ ဒီနိုင်ငံကို လာခဲ့ကြပါတယ်” ဟု အီရန် ရောက် အာဖဂန်ဒုက္ခသည် တစ်ဦးဖြစ်သည့် နက်စ်ရူလာ ကက်ရှာနီက ပြောသည်။

ထို့ပြင် အာဖဂန်ဒုက္ခသည်များကို သက်ညှာစွာဖြင့် ဆက်ဆံပေးရန် တာလီဘန်တို့က အီရန် အစိုးရကို ပန်ကြားထားကြောင်း Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly