ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယား၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အီးယူ စောင့်ကြည့်နေ

By First Post
15 April 2022
ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယား၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အီးယူ စောင့်ကြည့်နေ

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားနှင့် ဂီဂစ် ဘောလ်တီစတန် ဒေသတို့ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်လျက်ရှိကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ပြောကြားထားသည်။

ညီညွတ်သော ကက်ရှ်မီးယား ပြည်သူများ၏ အမျိုးသားပါတီ (UKPNP) ၏ အကြီးအကဲ ဂျမီးလ် မာဆွတ်ဒ်၏ ဖေဖော်ဝါရီ ၂၂ ရက်စွဲဖြင့် ပေးပို့သည့်စာကို ဥရောပသမဂ္ဂ၏ ဌာနကြီး ဒုတိယအကြီးအကဲ ဒီရန် ဒါယာက

အီးယူအနေဖြင့် အခြေအနေကို အသေအချာ စောင့်ကြည့်နေသည်ဟု အကြောင်းပြန်ပြောကြား ပြောကြားခဲ့သည်

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားနှင့် ဂီဂစ် ဘောလ်တီစတန်တို့ရှိ လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်းပြီး စိုးရိမ်ပူပန်ကြောင်း မာဆွတ်ဒ်က ထုတ်ဖော်ပြောဆိုထားသည်။

၎င်း၏ ပေးစာသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆိုင်ရာ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးပံ့ပိုးမှုအဖွဲ့သို့ တင်ပြခဲ့သည့် လက်ရေး ထုတ်ပြန်ချက်တစ်စောင်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ထို ထုတ်ပြန်ချက်တွင် ဒေသနှစ်ခုစလုံး၌ ဖြစ်ပေါ်သည့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားသည်။

“အီးယူအနေနဲ့ အခြေအနေကို အသေအချာ စောင့်ကြည့်နေပါတယ်။ ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယား ဒေသမှာ ရှိတဲ့ ကက်ရှ်မီးယား ပြည်သူတွေရဲ့ အကျိုးကို အလေးထားရင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား ငြိမ်းချမ်းစွာနဲ့ အပြန်အလှန် သဘောတူထားတဲ့ နိုင်ငံရေး ဖြေရှင်းနည်းလမ်းတစ်ခုအပေါ် မိမိတို့ ယုံကြည်ပါတယ်” ဟု ဒါယာက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly