အရှေ့ပင်လယ်တွင် စစ်အင်အား တိုးချဲ့မှု ရပ်တန့်ရန် ဗီယက်နမ်က တရုတ်ကို ထပ်မံ ပြောကြား

By VN Express
15 April 2022
အရှေ့ပင်လယ်တွင် စစ်အင်အား တိုးချဲ့မှု ရပ်တန့်ရန် ဗီယက်နမ်က တရုတ်ကို ထပ်မံ ပြောကြား

တရုတ်အား စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန်နှင့် ဒေသတွင်းတင်းမာမှုများ တိုးလာခြင်းမှ ရှောင်ကြဉ်ရန် တောင်းဆိုနေသည့် ဗီယက်နမ်က စပါတလေကျွန်းစုများနှင့်ပတ်သက်၍ ယင်း၏ တရားဝင်မှုနှင့် အငြင်းပွားမရနိုင်သော အချုပ်အခြာအာဏာကို ထပ်မံအတည်ပြုလိုက်သည်။

ထရုအွန်ဆာ (စပါတလေကျွန်းစုများ) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အချို့သော နေရာများတွင် တရုတ်က စစ်အင်အား တိုးမြှင့်ခြင်းသည် ကျွန်းစုများအပေါ် ဗီယက်နမ်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ရုံသာမက ဒေသတွင်းရှိ နိုင်ငံများနှင့် အာဆီယံ စာတမ်းများတွင် ဖော်ပြထားသကဲ့သို့ နိုင်ငံတကာ အသိုက်အဝန်းတို့ အကြား စိုးရိမ်ပူပန်မှု ဖြစ်စေသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဖမ်တူဟန်က ဧပြီလ ၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်၏ ယခုကဲ့သို့ လုပ်ဆောင်ချက်သည် နိုင်ငံတကာက တောင်တရုတ်ပင်လယ်ဟု လူသိများသော အရှေ့ပင်လယ်တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အထောက်အကူ မဖြစ်နိုင်ကြောင်း ဟန်က ပြောကြားခဲ့သည်။

“ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့၊ စစ်အင်အားသုံးမှု ရပ်ဆိုင်းရေး၊ ဒေသတွင်း တင်းမာ မှုတွေ တိုးလာစေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ဖို့၊ UNCLOS တွင် ဖြစ်နိုင်မျှ စောစော၊ နိုင်ငံတကာဥပဒေနဲ့ အညီ ခိုင်မာတဲ့ ထိရောက်တဲ့ ကျင့်ဝတ် (COC) ကို အောင်မြင်အောင် ဦးတည်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေအတွက် အာဆီယံနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ကောင်းမွန်တဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ ဗီယက်နမ်က တောင်းဆိုလိုက်ပါတယ်"

တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုအချို့တွင် တရုတ်က စစ်အင်အားဖြည့်တင်းမှုလုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို သူမက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း

ဖြစ်သည်။တောင်တရုတ်ပင်လယ်တွင် တည်ဆောက်ထားသော ကျွန်းတုများအနက် အနည်းဆုံး ၃ ကျွန်းတွင် စစ်အင်အား အပြည့်ဖြင့် ဖြန့်ကျက်ထားပြီး သင်္ဘောဖျက်၊ လေယာဉ်ပစ် ဒုံးကျည်စနစ်များ၊ လေဆာနှင့် လက်နက်များ တပ်ဆင်ထားပြီး နောက်ပိုင်းတွင် တိုက်လေယာဉ်များနှင့် တိုက်လေယာဉ်များ ထိန်းချုပ်လက်နက်များ တပ်ဆင်ထားကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ တပ်မှူးဗိုလ်ချုပ်ကြီး ဂျွန်စီအကွာလီနိုက မတ်လ ၂၂ ရက်က ပြောကြားခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ဗီယက်နမ်က နိုင်ငံတကာဥပဒေ၊ သမိုင်းကြောင်းနှင့်အညီ စပါတလေနှင့် ပါရာဆယ်လ်ကျွန်းစုများ၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း ဖော်ပြနိုင်သည်ဟု ဟန်က ပြောကြားခဲ့ပြီး နိုင်ငံတကာဥပဒေ၊ အချုပ်အခြာအာဏာပိုင်ခွင့်၊ ပင်လယ်ပြင်ဆိုင်ကုလသမဂ္ဂ ကွန်ဗင်းရှင်းဥပဒေနှင့်အညီ တရားဥပဒေကြောင်းအရ လုပ်ဆောင်နိုင်ကြောင်း ဆိုခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် မတ် ၁၉ ရက်မှ ဧပြီ ၉ ရက်အထိ စစ်ရေးလေ့ကျင့်မှုအသစ်ပြုလုပ်မည်ဟု တရုတ်က ကြေညာခဲ့သော်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗီယက်နမ်၏ ရပ်တည်ချက်ကို မတ် ၇ ရက်တွင် ရှင်းလင်းစွာ ဖော်ပြခဲ့ကြောင်း ဟန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly