လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်ရုံးအနီးရှိ သင်္ကြန်မဏ္ဍပ် ဗုံးဖောက်ခွဲခံရ၍ ၁ ဦးသေဆုံး

လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်ရုံးအနီးရှိ သင်္ကြန်မဏ္ဍပ် ဗုံးဖောက်ခွဲခံရ၍ ၁ ဦးသေဆုံး

ဧပြီ ၁၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စစ်ကိုင်းလမ်း အားမာန်မှတ်တိုင်အနီး (၁၀)ရပ်ကွက်ရုံးနားရှိ သင်္ကြန်မဏ္ဍပ်၌ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ မွန်းလွဲ ၂ နာရီ ၂၄ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက အတည်ပြု ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကြောင့် ယင်းမဏ္ဍပ်တွင်ရှိနေသည့် လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗုံးနှစ်လုံး လာပစ်သွားတာ။ အဲဒီမှာရှိတဲ့ လူတစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရသွားတယ် ကြားတယ်ဗျ။ ဗုံးပေါက်ပြီးတော့ အဲ့ဒီနေရာလည်း တိတ်ဆိတ်ပြီး လူတွေရှင်းသွားတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုကို ရန်ကုန်မြို့ပြပြောက်ကျားများဖြစ်သည့် Burma Dragon Army ၊ YGN PDF ၊ SRF နှင့် Free Tiger Ranger တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအဖွဲ့များမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဒေါက်တိုင် အုပ်ကြီးများမှဦးစီး၍ သွေးစွန်းသင်္ကြန်ကို အများပြည်သူစိတ်အနှောက်ယှက်ဖြစ်အောင် မူးရူးကခုန်နေကြသည့်အတွက် ဖောက်ခွဲမှုလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီကကျင်းပသော အတုအယောင် သွေးစွန်းသင်္ကြန်တွင် ပါဝင်ခြင်းမပြု ရန်နှင့်စစ်ကောင်စီထောက်တိုင်များနှင့် အဝေးဆုံးတွင် နေပေးကြရန်ကိုလည်း အဆိုပါအဖွဲ့များမှ သတိပေးထား သည်။

#ရန်ကုန်တိုင်း

#လှိုင်သာယာမြို့နယ်

#သင်္ကြန်မဏ္ဍပ်

#ရန်ကုန်မြို့ပြပြောက်ကျားများ

#ဗုံးပေါက်ကွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required