အဓမ္မလုပ်အားဖြင့်ပြုလုပ်ထားသော တရုတ် ထုတ်ကုန်များတင်သွင်းမှုကို ရပ်တန့်ရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အမေရိကန်ကို တိုက်တွန်း

အဓမ္မလုပ်အားဖြင့်ပြုလုပ်ထားသော တရုတ် ထုတ်ကုန်များတင်သွင်းမှုကို ရပ်တန့်ရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အမေရိကန်ကို တိုက်တွန်း

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ အဓမ္မလုပ်အားဖြင့်ပြုလုပ်သော ထုတ်ကုန်များတင်သွင်းမှုကို ရပ်တန့်ရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့်အလုပ်သများခေါင်းဆောင်များက အမေရိကန်အား တိုက်တွန်းလိုက်သည်။

ကျွန်ပြုခြင်းနှင့် အတင်းအကျပ်ခိုင်းစေခြင်းတို့သည် ဒေသတွင်းနှင့်တရုတ်နိုင်ငံတစ်လွှား၌ လည်ပတ်နေသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးကွင်းဆက်များကို အမည်းစက်ထင်စေကြောင်း ဧပြီ ၉ ရက်က ဘိုင်ဒင်အစိုးရကို တိုက်တွန်းခဲ့သည်။

ဝီဂါများကို အဓမ္မအလုပ်ခိုင်းစေခြင်းအားကာအကွယ်ပေးသည့် အက်ဥပဒေကို ဒီဇင်ဘာလက အမေရိကန်သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့ပြီး ဇွန်လ၌ စတင်အသက်ဝင်မည်ဖြစ်သည်။ ဥပဒေအရ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးကွင်းဆက်များသည် အဓမ္မလုပ်အားနှင့်ကင်းရှင်းကြောင်း သက်သေမပြနိုင်ပါက ရှင်ကျန်းမှ ထုတ်လုပ်သော သို့မဟုတ် လူနည်းစုများကို လုပ်ငန်းခွင်သို့ပို့သော အရေးယူပိတ်ဆို့မှုအောက်ရှိ ကုမ္ပဏီများ/အစီအစဉ်များနှင့်ဆက်နွှယ်သော ကုန်ပစ္စည်းများအားလုံးကို တားမြစ်မည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်နယ်စပ်၌ကုန်ပစ္စည်းများကို ပိုမိုထိန်းသိမ်းကြပ်မတ်လာပြီး ပစ္စည်းပို့ဆောင်မှု နှေးကွေးကာ လောင်စာဆီဈေးနှုန်းဖောင်းပွမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု The New York Times က ဖော်ပြသည်။

ဘိုင်ဒင်အစိုးရတာဝန်ရှိသူများသည် လာမည့်လများတွင် စိုးရိမ်ရဖွယ်ရှိသည့် အဖွဲ့အစည်းများနှင့် ထုတ်ကုန်များအများအပြားကို ထုတ်ပြန်ရမည်ဖြစ်သည်။

အစိုးရက အဖွဲ့အစည်းမည်မျှကို ထုတ်ပြန်မည်မသိသော်လည်း တရုတ်စက်ရုံများကို မှီခိုနေသော စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးကွင်းဆက်များ၏ အနည်းဆုံး အစိတ်အပိုင်းတချို့ သို့မဟုတ် ကုန်ကြမ်းများသည် ရှင်ကျန်းတွင် ခြေရာခံလာကြောင်း သိလာနိုင်သည်ဟု ကုန်သွယ်ရေးကျွမ်းကျင်သူများက ပြောသည်။

“ရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ချီတဲ့ ကုမ္ပဏီတွေဟာ ဒီဥပဒေသတ်မှတ်ချက်တွေနဲ့ ငြိစွန်းလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု Kelley Drye & Warren ဥပဒေကုမ္ပဏီမှ ဂျွန်အမ်ဖုက New York Times ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required