ရှန်ဟိုင်းမြို့၌ အဆိုးရွားဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရင်ဆိုင် နေရချိန်တွင် ဆေးဝါး စောင့်ရှောက်မှုအကူအညီ လိုအပ်နေ

ရှန်ဟိုင်းမြို့၌ အဆိုးရွားဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရင်ဆိုင် နေရချိန်တွင် ဆေးဝါး စောင့်ရှောက်မှုအကူအညီ လိုအပ်နေ

တရုတ်၏ ဘဏ္ဍာရေးအချက်အချာဖြစ်သော ရှန်ဟိုင်းမြို့တွင် အဆိုးရွားဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရင်ဆိုင် နေရပြီး ဆေးဝါးကုသမှုနှင့် အစားအစာကဲ့သို့သော အခြေခံထောက်ပံ့ရေးပစ္စည်းများစွာ အကူအညီ လိုအပ်လျက်ရှိသည်။

ရှန်ဟိုင်းအာဏာပိုင်များသည် မတ်လကတည်းက ပြင်းထန်သော ပိတ်ဆို့ကန့်သတ်မှု အစီအမံများ၊ တရုတ် စစ်တပ်နှင့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၏အကူအညီဖြင့် နေထိုင်သူ ၂၅ သန်းအား နေအိမ်ပြင်ပသို့ ထွက်ခွင့်မပြုခဲ့ပေ။

ထို့ပြင် ကိုဗစ်-၁၉ ကူးစက်ခံထားရသော ကလေးသူငယ်များနှင့် မိဘများကို အတင်းအကျပ် ခွဲထားသော ကြောင့် အစိုးရကို ပြည်သူများက ဒေါသထွက်နေကြောင်း CNN က ဖော်ပြခဲ့သည်။

""ကျွန်တော်တို့ ကိုဗစ်ကြောင့် မသေဘဲ၊ ကိုဗစ်ထိန်းချုပ်ရေး အစီအမံတွေကြောင့် သေနေပါဦးမယ်" ဟု ဆင်ဆာဖြတ်သော တရုတ်လူမှုကွန်ရက်မီဒီယာ Weibo တွင် လူကြိုက်များသည့် မှတ်ချက်တစ်ခုကို CNN မှ ကိုးကားဖော်ပြခဲ့သည်။

၂၀၂၀ပြည့်နှစ်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်ချိန် ဝူဟန်တွင်မှတ်တမ်းတင်ထားသော ကိုဗစ်ရောဂါကူးစက်မှု အမြင့်ဆုံးကာလထက် ပိုများသည့်အရေအတွက်ဖြစ်သည့် ကူးစက်ခံရသူအသစ် ၂၀၀၀၀ နီးပါး ဧပြီ ၆ရက်က စာရင်းရရှိခဲ့သည်။

အမျိုးသားကျန်းမာရေးကော်မရှင်၏အဆိုအရ မတ်လကုန်တွင် ဗိုင်းရပ်စ်သည် တရုတ်၏ ပြည်နယ် ၃၁ ခုအနက် ၂၉ ခုသို့ ပျံနှံ့သွားခဲ့သည်။

တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ကူးစက်ရောဂါဗေဒပညာရှင် အကြီးအကဲ ဝူကျန်ယိုက တရုတ်သည် ဧပြီလ ၁ ရက်တွင် "တက်ကြွသော ကိုဗစ်လုံးဝ မဖြစ်စေရေး မူဝါဒကို ဆက်လက် အာရုံစိုက်မည်" ဟု Global Times ကို ကိုးကားပြီး CNN က ဖော်ပြခဲ့သည်။

ကန့်သတ်ချက်များဖြေလျှော့ခြင်းနှင့် နယ်စပ်များဖွင့်ပေးခြင်းသည် ဆေးဘက်ဆိုင်ရာအရင်းအမြစ်များနှင့် သေဆုံးမှုများ မြင့်တက်လာခြင်းစသည့် ပြဿနာများစွာ ဖြစ်စေနိုင်သည်ဟု လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly