အာဖဂန်နစ္စတန်မှ မတူးဖော်ရသေးသော လစ်သီယမ် သတ္ထုသယံဇာတများကို တရုတ် မျက်စိကျနေ

အာဖဂန်နစ္စတန်မှ မတူးဖော်ရသေးသော လစ်သီယမ် သတ္ထုသယံဇာတများကို တရုတ် မျက်စိကျနေ

ရုရှား-ယူကရိန်းအကျပ်အတည်းကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေချိန်တွင် တရုတ်က စစ်ဘေးသင့် အာဖဂန် နစ္စတန်မှ မတူးဖော်ရသေးသော လစ်သီယမ် သတ္ထုသယံဇာတများကို မျက်စိကျနေသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် အထူးဗီဇာခွင့်ပြုချက်ရရှိခဲ့သော တရုတ်စီးပွားရေးလုပ်ငန်း ၅ ခုသည် အလားအလာ ရှိသော လီသီ ယမ် တူးဖော်ရေးစီမံကိန်းများကို စစ်ဆေးရန် အာဖဂန်နစ္စတန်သို့ ရောက်ရှိခဲ့ကြောင်း Ariana News ကို ကိုးကား၍ ဟောင်ကောင်ပို့စ်က ဖော်ပြခဲ့သည်။

သို့သော် တရုတ်၏ အကြီးဆုံး လီသီယမ်ထုတ်လုပ်သည့် လုပ်ငန်း ၂ ခုဖြစ်သည့် ထန်းချိ လစ်သီယမ်ကော်ပိုရေးရှင်းနှင့် ကန်ဖန်လစ်သီယမ်ကုမ္ပဏီတို့က အဆိုပါ ခရီးစဉ်များနှင့်ပတ်သက်ပြီး မသိရှိကြောင်း ပြောကြားသည်။

လစ်သီယမ်သည် အာဖဂန်နစ္စတန်တွင် နှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အခြေခံအဆောက် အအုံများ ချို့တဲ့မှုကြောင့် မတူးဖော်ရသေးသော သတ္တုများစွာထဲမှ တစ်ခုဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံ အေနတ်ခ်ဒေသတွင် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကမ္ဘာ့အကြီးဆုံး ကြေးနီသိုက်ကို တရုတ်စီးပွားရေးကုမ္ပဏီတစ်ခုက လုပ်ပိုင်ခွင့်များ ရရှိထားသော်လည်း ဒေသတွင်းတွင် တူးဖော်မှု မစတင်နိုင် သေးကြောင်း Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ အစ္စလာမ္မစ်စော်ဘွား (IEA) ခေါင်းဆောင်ပိုင်းဖြစ်သော သတ္ထုတွင်းနှင့် ရေနံဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဘာဟန်က မာ့စ်အေနတ်ခ်ကြေးနီစီမံကိန်း သဘောတူညီချက်ကို ပြန်လည် သုံးသပ် ပြီး လိုဂါပြည်နယ် မာ့စ်အေနတ်ခ်တွင် တူးဖော်မှု မကြာမီ စတင်တော့မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တာလီဘန်တို့က ၎င်းတို့ကို နိုင်ငံရေး အသိအမှတ်ပြုမှုနှင့် စီးပွားရေး ရင်းနှီးမြှုပ်မှုများကို တရုတ်က ပေးစွမ်းနိုင်သည်ဟု ယုံကြည်နေကြကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

အခြားတစ်ဖက်တွင်မူ တရုတ်က မတူးဖော်ရသေးသောသတ္ထုသိုက် များမှ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရရှိရန် ကြိုးပမ်းနေသည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် တာလီဘန်တို့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့စီးပွားရေး ကျဆင်းနေသဖြင့် အာဖဂန်ကို ပြင်ပအင်အားစုများက အကူအညီပေးရန်လိုအပ်နေခြင်းကြောင့် အာဖဂန်နစ္စတန်ရှိ တာလီဘန် ဦးဆောင်သော အစိုးရသည် တရုတ်၏ အကျိုးစီးပွားကို ပံ့ပိုးပေးသည်ဟု Hong Kong Post သတင်းက ဖော်ပြနေ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly