ပုသိမ်မြို့တွင် သင်္ကြန်အကြိုနေ့နံနက်ပိုင်း ရေကစားသူ မရှိသလောက်နည်းပါး

ပုသိမ်မြို့တွင် သင်္ကြန်အကြိုနေ့နံနက်ပိုင်း ရေကစားသူ မရှိသလောက်နည်းပါး

ဧပြီ ၁၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ယနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းအချိန်တွင် လူသွား လူလာမရှိဘဲ ရေကစားသူ မရှိသလောက်နည်းပါးသည်ဟု ပုသိမ်ဒေသခံများထံမှသိရသည်။

"ရပ်ကွက်တွေထဲမှာတောင် အုန်းလက်မဏ္ဍပ်လေးတွေနဲ့ ရေကစားတဲ့ ကလေးတွေမရှိဘူးဗျ။ ပုသိမ်တစ် မြို့လုံးကိုပတ်ရင်တောင် မရေမစိုနိုင်ဘူး။ အဲဒီလောက်ကို ရေပက်မယ့်သူမရှိတာပါ။ ပုသိမ်ဗဟိုမဏ္ဍပ် ကလည်း ရေပက်မှာလား သေနတ်နဲ့ပစ်မှာလားမသိဘူး ရဲတွေစစ်သားတွေ ကင်းပုန်းဝပ်နေတာ အင်အား တော်တော်များတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ပုသိမ်မြို့တွင် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ် ၁၀ ခုကျော်ခန့်ရှိသော်လည်း စစ်ကောင်စီလက်အောက်ခံ မဏ္ဍပ်များသာဖြစ်ကြောင်း၊ ပုဂ္ဂလိကမဏ္ဍပ်များ ယခုနှစ် သင်္ကြန်တွင်ပါဝင်လာခြင်းမရှိကြောင်း ဒေသခံက ဆိုသည်။

ပုသိမ်မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များအားလုံးကို ယနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် ဖွင့်ပွဲပြုလုပ် သွားမည်ဟု ဝန်ထမ်းတစ်ဦး၏အဆိုအရ သိရသည်။

#Mizzima

#ပုသိမ်မြို့

#သင်္ကြန်အကြိုနေ့

#သင်္ကြန်မဏ္ဍပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly