ငလျင်ဒဏ် ကြိုတင်ကာကွယ်ရေး လွန််စွာ အရေးကြီး

ငလျင်ဒဏ် ကြိုတင်ကာကွယ်ရေး လွန််စွာ အရေးကြီး
၁၉ ၁၇ ဇူလိုုင်လ ၅ ရက်က လှုပ်ခပ်ခဲ့သည့် ပဲခူးငလျင်ကြောင့် ပျက်ကျသွားခဲ့သည့် ရွှေမောဓောဘုုရား ငှက်ပြောဘူူးတွင်အား ဖြတ်လျှောက်နေသည့် ဘုုရားဖူးတစ်ဥိးအားတွေ့ရစဉ်။ ၁၆ ဇူလိုုင် ၂၀၁၄ ၊ ဓာတ်ပုံု - ဟောင်ဆာ(ရာမည)

ဒီနှစ် ၂၀၁၆ ခု၊ ဇန်နဝါရီလ ၁၂ ရက်၊ ည ကိုးနာရီခွဲခန့်မှာ ရန်ကုန်မြစ်ဝအနီး လက်ခုပ်ကုန်း ကျေးရွာကို ဗဟိုပြုပြီး အင်အား ၄ ဒဿမ ရစ်ချ်တာစကေး အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခဲ့ပါတယ်။

ပြောပလောက်အောင် အင်အားမပြင်းထန်သော်ငြားလည်း ရန်ကုန်မြို့လူထု အတော်များများက တိုက်တွေအိမ်တွေပေါ်က ဆင်းပြီး လမ်းမတွေပေါ် ကြောက်လန့်တကြား ရောက်လာခဲ့ကြတာတော့ အမှန်ပါပဲ။

အင်အားပြင်းငလျင်မဖြစ်လို့ တိုက်တာအဆောက်အဦးတွေ ပျက်စီးမှုမရှိသော်ငြားလည်းပဲ သည့်ထက် ပြင်းထန်တဲ့ငလျင် ဖြစ်လာခဲ့လျင်ဆိုတဲ့ စိုးရိမ်သောကစိတ်က လူတိုင်းလိုလိုကို ဖိစီး ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခု နိုဝင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အနောက်မြောက်ဘက်မှာလည်း ငလျင်လှုပ်ခဲ့ဖူးပါသေးတယ်။

အဲဒီငလျင်က အင်အား ရစ်ချ်တာ စကေး ၅ ဒဿမ ၄ အဆင့်ရှိပြီး ဘုရားစေတီတချို့ အဆောက်အဦးတချို့ ပြိုကျလောက်အောင် ရှိခဲ့ပါတယ်။ ဒီငလျင်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု လပိုင်းပဲခြားတာဖြစ်လို့ လူထုက စိတ်ပူပန်နေကြပါတယ်။ ဒီငလျင်ငယ်တွေဟာ ငလျင်ကြီးတစ်ခု မလှုပ်ခင် ငလျင်ငယ်လေးတွေ လှုပ်တတ်တာမျိုးလည်း ရှိတယ် ဆိုတဲ့ ငလျင်ပညာရှင်တွေရဲ့ ပြောဆိုချက်ကလည်း ရှိနေပြန်တော့ ရန်ကုန်လူထုက ပိုပြီးစိုးရိမ်ခဲ့ ကြရပါတယ်။

ငလျင်လှုပ်ရင် ငလျင်ကြောင့် လူတွေ ထိခိုက်သေကြေရတာက နည်းပြီး ငလျင်ကြောင့် နေအိမ်တိုက်တာအဆောက်အဦးတွေပြိုကျပြီး လူတွေ သေဆုံးရတဲ့အရေအတွက်က ပိုများတဲ့ သာဒကတွေ ကလည်းအများကြီးရှိပါတယ်။

ဒီတော့လည်း တိုက်တာအဆောက်အဦးတွေ ကြပ်ညပ် နေတဲ့ ရန်ကုန်မြို့ဟာ ငလျင်ဒဏ်ခံရမယ်ဆိုရင်ဆိုတဲ့အတွေးက ရန်ကုန်မြို့လူထုကို ခြောက်ခြား စေတာ သဘာဝကျပါတယ်။

ငလျင်ပညာရှင်များရဲ့စိုးရိမ်ပူပန်မှု။ တွက်ချက်ပြောဆိုမှုအရဆိုလျင် ကမ္ဘာကျော် ငလျင်ပြတ် ရွေ့ကြောတစ်ခုက မြန်မာပြည်ရဲ့ စစ်ကိုင်းပြတ်ရွေ့ကြောအနေနဲ့ ရှိနေပါတယ်။ ဒီစစ်ကိုင်းပြတ်ရွေ့ ကြောကြောင့် မြန်မာပြည်မှာ ကြီးမားတဲ့ငလျင်ကြီးတွေ လှုပ်ခဲ့ဖူးတယ်လို့လည်းဆိုပါတယ်။ ဥပမာ ပဲခူးငလျင်ကြီးလို ကြီးမားတဲ့ငလျင်ကြီး လှုပ်ခဲ့ဖူးပါတယ်။

ဒီ ပဲခူးငလျင်ကြီးဟာ ၁၉၃၀ ပြည့်နှစ်မှာ လှုပ်ခဲ့ပါတယ်။ ပဲခူးမှာ လူ ၅၀၀ ခန့်သေကြေခဲ့ပြီး ရန်ကုန်မြို့မှာတော့ လူ ၅၀ ခန့်ပဲ သေဆုံးခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ဒီငလျင်ကြီးဟာ တိုက်တာမြင့်တဲ့အဆောက်အဦးတွေ နည်းနေသေးတဲ့ ပဲခူးလိုနေရာမျိုးမှာသာ လှုပ်ခဲ့ပြီး တိုက်တာအဆောက်အဦးတွေများတဲ့ ရန်ကုန်မြို့မှာသာ လှုပ်ခဲ့ရင် မတွေးဝံလောက်အောင်ပါပဲ။

ငလျင်ပညာရှင်တွေက ခန့်မှန်းပြောဆိုချက်အရဆိုလျင် ငလျင်ကြီးတွေဟာ နှစ် ၈၀ ဝန်းကျင် ကြာတဲ့အခါ တကြော့ပြန် လှုပ်တတ်ကြတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် စစ်ကိုင်းပြတ်ရွေ့ကြော ကြီးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပဲခူးငလျင်ကြီး လှုပ်ခဲ့တာ နှစ် ၈၀ ရှိလာပြီဖြစ်လို့ ပညာရှင်တွေ စိတ်ပူ မယ်ဆိုလည်း  စိတ်ပူစရာဖြစ်သလို လူတွေ ထိတ်လန့်တကြား ဖြစ်မယ်ဆိုရင်လည်း ဖြစ်စရာပါပဲ။

ဘယ်လိုပဲဖြစ်ပစေ၊ ငလျင်ကို ထိရောက်စွာ တားနိုင်တဲ့နည်းတွေ အတိအကျမရှိသေးပေမယ့် ငလျင်တွေဟာ သဘာဝပတ်ဝန်းကျင် အရမ်းကာရော ပြုန်းတီးမှုကြောင့်လည်း ဖြစ်တယ်လို့ ယူဆတာ လည်း ရှိပါတယ်။ ဒါကလည်း ယုတ္တိရှိပါတယ်။ ဒါကြောင့်မို့ လူသားတွေဟာ ကိုယ့်ကိုယ်ကို နိဂုံးချုပ်စေ မယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိရလေအောင် ဆောင်ရွက်ကြလိုတယ်ဆိုတာ ပညာရှင် တွေ သတိပေး ပညာပေးနေတာ ကြာပါပြီ။

လက်တွေ့ကျကျပြောရရင်တော့ မိမိတို့နိုင်ငံမှာ တိုက်တာအဆောက်အဦးတွေ၊ ဆည်တာတမံ တွေ တည်ဆောက်တဲ့အခါ စံနစ်တကျ ငလျင်ဒဏ်ခံအဆောက်အဦးတွေဖြစ်ဖို့၊ ပညာရှင်များရဲ့ တွက်ချက် စစ်ဆေးမှုအောက်မှာ စနစ်တကျ လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီးလှပါတယ်။ တိုင်းပြည်အသီးသီးရဲ့ အစိုးရများ ကိုယ်တိုင်က တက်တက်ကြွကြွ တိတိကျကျ ဦးဆောင်ကွပ်ကဲ စီမံမှသာ ငလျင်ဘေးဒဏ်မှ သက်သာရာ ရနိုင်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly