ကပ်ရောဂါကာလအတွင်း ပါကစ္စတန်တွင် ကြွေးမြီသစ် ဒေါ်လာ ၁၀ ဘီလီယံကျော် ထပ်တင်ခဲ့

ကပ်ရောဂါကာလအတွင်း ပါကစ္စတန်တွင် ကြွေးမြီသစ် ဒေါ်လာ ၁၀ ဘီလီယံကျော် ထပ်တင်ခဲ့

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပါကစ္စတန်တွင် ကြွေးမြီသစ်အဖြစ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ထပ်တင်ခဲ့သည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ဘဏ္ဍာရေးဆိုင်ရာ မညီမမျှဖြစ်မှုကို စီမံခန့်ခွဲရန် ပါကစ္စတန်အစိုးရသည် ကြွေးမြီများကို လွန်လွန်ကဲကဲ စုပုံဖြစ်ပေါ်စေခဲ့ရာတွင် ယင်းက ဘဏ္ဍာရေးဈေးကွက်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဘဏ္ဍာရေး လိုငွေပြမှု မြင့်မားခြင်းက ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍများအကြား ရင်းမြစ်ခွဲဝေမှုအပေါ် သက်ရောက်မှု ဖြစ်စေသည်။

ပါကစ္စတန်တွင် ဘဏ်များထံမှ အစိုးရ၏ ငွေချေးယူမှုက စုစုပေါင်းချေးငွေများ၏ ၉၀ ရာခိုင်နှုန်းကျော်နှင့် ညီမျှကြောင်း ADB ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပါကစ္စတန်၏ ကြွေးမြီနှင့် ဂျီဒီပီ အချိုးသည် အလယ်အာရှ ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပရိုဂရမ် (CAREC) ဒေသတွင် အမြင့်မားဆုံး ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ၈၆ ရာခိုင်နှုန်းကနေ ၂၀၂၀ တွင် ၉၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ADB ၏ “ကိုဗစ်-၁၉ နှင့် CAREC ဒေသရှိ စီးပွားရေး ပြန်လည် နာလန်ထူမှု အလားအလာ” အစီရင်ခံစာကို ကိုးကားပြီး Business Recorder က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly