အစ္စရေးသူလျိုလင်းတကို ဖမ်းမိဟု လက်ဘနွန်များပြော

အစ္စရေးသူလျိုလင်းတကို ဖမ်းမိဟု လက်ဘနွန်များပြော

ဘေရွတ်၊ ဇန်နဝါရီ ၂၇ ။         ။ သူလျိုလုပ်ငန်းများအတွက် အစ္စရေး၏ တည်နေရာပြ အသံလွှင့်စက်တစ်ခုတပ်ဆင်ထားသော စာအမှတ်အသားချိတ်ထားသည့် လင်းတတစ်ကောင်ကို ဖမ်းဆီးထားကြောင်း လက်ဘနွန်တောင်ပိုင်းရှိ ပြည်သူများက ပြောသည်။

ဇန်နဝါရီ ၂၆က လက်ဘနွန်နယ်စပ်ကိုကျော်ကာ ကီလိုမီတာအနည်းငယ် ဖြတ်သန်းလာသော အပုပ်အသိုးစားယင်းငှက်သတ္တဝါကို ဘင့်ဂျေဘေးလ်မြို့ခံများက ဖမ်းဆီးခဲ့ကြသည်။

လွန်ခဲ့သည့်နွေရာသီကလည်း ဂါဇာကမ်းမြောင်၏ ကမ်းခြေအလွန်တွင် အစ္စရေး၏သူလျိုလုပ်ငန်းအတွက် ဗီဒီယိုကင်မရာတပ်ဆင်ထားသော လင်းပိုင်တစ်ကောင်ကို ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှု ဟားမက်စ်အဖွဲ့က ထောက်လှမ်းဖမ်းမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly