ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဧပြီ ၉

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ ဧပြီလ ၉ ရက်တွင် ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။

ဆန္ဒပြ ပြည်သူများက “အပျော် သင်္ကြန်ဒို့ငြင်းဆန် တော်လှန် သင်္ကြန် ပြည်သူ့ အသံ “ဟုကြွေး ကြော်ခဲ့ကြပြီး ပြည်သူများ အနေဖြင့်သင်္ကြန် သီချင်း မဖွင့်ခြင်း ၊သင်္ကြန်ပွဲကို ငြင်းဆန်ခြင်းဖြင့် တော်လှန်ရေးကို ဝန်းရံကြရန် ဖားကန့်မြို့နယ် လုံး ဆိုင်ရာ သပိတ် တပ်ပေါင်းစုက တိုက်တွန်း နှိုးဆော်ခဲ့သည်။

ထို့အပြင် “ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ”၊ “စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ “ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ '"ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များနှင့် ရဟန်းရှင်လူများ ပြန်လွှတ်ရေး ဒို့အရေး" “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။

#Mizzima Tv

#ဖားကန့်

#ချီတက်ဆန္ဒပြ

#KIA

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly