ကိုရီးယား၌ ဒယ်ဂူးဆရာတော် ငြိမ်းချမ်းရေး ဆုတောင်းပွဲလုပ်

ကိုရီးယား၌ ဒယ်ဂူးဆရာတော် ငြိမ်းချမ်းရေး ဆုတောင်းပွဲလုပ်

ဧပြီ ၉

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့  ကိုရီးယား-မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ဒယ်ဂူးဘုန်းဘုန်းက ဦးဆောင်ပြီး ယနေ့ ဧပြီလ ၉ ရက်တွင် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်သည်။

စစ်အာဏာ သိမ်းခံရပြီးနောက် ပြည်သူလူထုရှေ့ မားမားမတ်မတ် ရပ်တည်ကာ အသက်ပေး သွားသည့် သူရဲကောင်းတို့ ကောင်းရာဘုံ ဘဝ ရောက်ပါစေကြောင်းလည်း ဒယ်ဂူးဘုန်းဘုန်းက ဆုတောင်း အမျှဝေ ပေးခဲ့သည်။ 

ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် လက်တွဲကာ ရန်ပုံငွေ ထောက်ပံ့နိုင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေး တော်လှန်သင်္ကြန်ကို ဆင်နွှဲကြရန် ဘုန်းဘုန်းက မိန့်ကြားသည်။ ထို့ပြင် နွေဦးတော်လှန်ရေးကို များများ ထောက်ပံ့လျှင် မြန်မြန်အောင်ပွဲ ရနိုင်မည်ဟုလည်း ဆိုသည်။

#MizzimaTV
#ကိုရီးယား-မြန်မာငြိမ်းချမ်းရေးစင်တာ
#ဒယ်ဂူဘုန်းဘုန်း
#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly