တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးမှုများ မကြုံစဖူး တွေ့မြင်နေရ

တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးမှုများ မကြုံစဖူး တွေ့မြင်နေရ

ဧပြီ ၉

ဖေဖော်ဝါရီလ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ စတင်ချိန်မှစ၍ တရုတ်နိုင်ငံ၌ မကြုံစဖူးသော ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးမှုများ တွေ့ကြုံနေရပြီး ယင်းအခြေအနေသည် ကိုဗစ်ရောဂါဖြစ်ပွားခဲ့ချိန် ၂၀၂၀ ခုနှစ် မတ်လက ကြုံတွေ့ရသော အဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်သည်။

အခြားထွန်းသစ်စစျေးကွက်များတွင် အလားတူကိစ္စရပ်မျိုး မတွေ့ကြုံဖူးသောကြောင့်  ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးမှု အတိုင်းအတာနှင့် ပြင်းထန်မှုမှာ မကြုံစဖူးဖြစ်သည်။

ယူကရိန်းနှင့် ရုရှား၏ စစ်ရေးပဋိပက္ခက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့၏ အခြေအနေကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးနေသောကြောင့် ထိုသို့အပြောင်းအလဲဖြစ်ရသည်ဟု ယူဆရသည်။ 

အစိုးရ၏ ငွေချေးစာချုပ်များမှာလည်း အလားတူ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

မတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးခြင်းများသည် အမေရိကန်က ၎င်း၏စီးပွားရေးလုပ်ငန်းများကို ပယ်ဖျက်ခြင်း၊ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှု ပိုမိုဆိုးရွားလာခြင်း၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ၏ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများနှင့် တရုတ်အပေါ် အမေရိကန်အတိုးနှုန်း တိုးမြှင့်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly