တရုတ်က တိဗက်လူမျိုးများကို စစ်တပ်ဝင်ရန် အတင်းအကျပ် စုဆောင်း 

By Tibet Rights Collective
09 April 2022
တရုတ်က တိဗက်လူမျိုးများကို စစ်တပ်ဝင်ရန် အတင်းအကျပ် စုဆောင်း 

ဧပြီ ၉

တရုတ်နိုင်ငံ ဒန်ကော့ခ်၊ တာရှစ်ဂန်၊ လန်ကျူ၊ ချစ်ခန်နှင့် တခြားဒေသများမှ ၆နှစ်အရွယ် ကလေးငယ်များ အပါအဝင် တိဘက်ကလေးငယ် ၁၂၀ ကို ပေကျင်းမြို့ဘော်ဒါကျောင်းတွင် လေ့ကျင့်သင်ကြား ရန် ခေါ်ဆောင်သွားပြီး နောက်ဆုံးတွင် တရုတ်စစ်တပ်ထဲသို့ ဝင်ရောက်ရန် တွန်းအားပေးကြောင်း ထောက်လှမ်းရေး သတင်းများက ဆိုခဲ့သည်။ 

 အသက် ၁၀နှစ်မှ ၁၈နှစ် ကြားရှိ အခြားကလေးအများအပြားကိုလည်း မန်ဒရင်းနှင့် ဟိန္ဒီဘာသာအပါအဝင် ဘာသာစကားလေ့ကျင့်ပေးရန် ရှစ်ချန်ဟဲစစ်စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

  ယင်းတရုတ်၏ လှုပ်ရှားမှုသည် အိန္ဒိယအထူးနယ်ခြားစောင့်တပ်၏ တိဘက်နယ်စပ်တွင် အိန္ဒိယ၏ တပ်ဖြန့် ချထားမှုကို တန်ပြန်မှုအဖြစ် ရှုမြင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

 ထို့ပြင် တရုတ် တပ်သား သစ်များသည် အမြင့်ဖျားနာခြင်းနှင့် အခြားသော ပတ်ဝန်းကျင်မှုလိုက်လျော ညီထွေမဖြစ်သည့် ပြဿနာများကို ခံစားရသည့် နေရာများတွင် တိဗက်လူမျိုးများသည် အေးလွန်းပြီး မြင့်မားသော ဟိမဝန္တာ တောင်တန်း များတွင် ချထားရာတွင် ပိုသင့်တော်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly