ရုရှားတပ်ဖွဲ့များ၏ ရက်စက်မှုအကြောင်း ဖော်ပြသည့် ယူကရိန်းတွင် နေထိုင်သူ တရုတ် နိုင်ငံသား၏ အကောင့်ကို YouTube မှ ဆိုင်းငံ့

ရုရှားတပ်ဖွဲ့များ၏ ရက်စက်မှုအကြောင်း ဖော်ပြသည့် ယူကရိန်းတွင် နေထိုင်သူ တရုတ် နိုင်ငံသား၏ အကောင့်ကို YouTube မှ ဆိုင်းငံ့

ဧပြီ ၉

ရုရှားတပ်များ ဘူချာမြို့မှ ဆုတ်ခွာသွားချိန်တွင် ရက်စက်ယုတ်မာမှုများ ကျူးလွန်ခဲ့ကြောင်းဖော်ပြသည့် ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့ အခြေစိုက် တရုတ်နိုင်ငံသား ကျီရှန်၏ အကောင့်ကို YouTube မှ ဆိုင်းငံ့ လိုက်ကြောင်း RFA သတင်းတွင်  ဖော်ပြထားသည်။

အိုဒက်ဆာမြို့ အခြေစိုက် ပရိုဂရမ်မာတစ်ဦးဖြစ်သူ ဝမ်သည် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားကျူးကျော်မှု စတင်က တည်းက ဗီဒီယိုများ လွှင့်တင်ခဲ့သည်။ 

၎င်းအနေဖြင့် မတ်လ ၃၀ ရက်မှစ၍ ဗီဒီယိုအသစ်ကို လွှင့်တင်ခဲ့ခြင်း မရှိခဲ့ပေ။ သူ၏ ဗီဒီယိုများတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) လိုလားသည့် ဝေဖန်သူများကိုလည်း  လူပေလူတေများဟု အရိပ်အမြွက်ပြော ခဲ့သည်။

ဝမ်သည် ဘူချာမြို့ တွင် ရုရှားတပ်များက မိန်းကလေးငယ်တစ်ဦး အပါအဝင် အခြားသော အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် သတင်းများကိုလည်း ဘာသာပြန်ဖော်ပြခဲ့သည်။ 

၎င်းသည် “ကျွန်တော် ကျီရှန်ပါ ခင်ဗျ။ အိုဒက်ဆာမြို့ မှာရောက်ရှိနေပါတယ်” ဟူသော မိတ်ဆက်စကားဖြင့် ဗီဒီယိုဖိုင်များကို နေ့စဉ် တင်လေ့ရှိသည်။ 

မတ်လ ၂၈ရက် ဗီဒီယိုတွင် "ကြမ်းတမ်းသော အကြောင်းအရာ" ပို့စ်တင်ခြင်းအတွက် ၎င်း၏အကောင့်အား ဆိုင်းငံ့ထားကြောင်း YouTube မှ ဝမ်အား ပြောကြားခဲ့သည်။ ဝမ်က မေတ္တာရပ်ခံခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။ 

 “ဒါက နားလည်က ခက်ပါတယ်” ဟု Wang က RFA ကို ပြောကြားခဲ့သည်။ "အကြမ်းဖက် အကြောင်းအရာ တွေကို တင်ပြီး YouTube ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုပြီး  ကျွန်တော့် အကောင့်ကို အကြောင်းကြား ထားတယ်။ ဒါပေမယ့် အကြမ်းဖက်မှု ဖြစ်နေတာက ဘယ်မှာလဲ။ ကျွန်တော့်ရဲ့ ဗီဒီယိုမှာ အကြမ်းဖက် ဓာတ်ပုံတွေ မပါဝင်ပါဘူး"

"ဒါက ရှေ့တန်းစစ်မျက်နှာပြင်က သတင်းပေးပို့ချက်ပါ.. ကျွန်တော့်ရဲ့ အယူခံဝင်ချက်မှာ ဘယ်ဗီဒီယို ဓာတ်ပုံတွေကို ခွင့်မပြုဘူးဆိုတာကို  ပြောပြခိုင်းပေမယ့် ကျွန်တော်အဲဒီလိုမေးပြီး ၅ မိနစ်အတွင်းမှာပဲ YouTube က သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးပို့ပြီး ကျွန်တော့်ရဲ့ အကောင့်ကို တစ်ပတ်လောက် ဆိုင်းငံ့ထားပါတယ်” ဟု ၎င်းက ပြောသည်။

ဝမ်က YouTube ကို အပြစ်မတင်သော်လည်း အကြောင်းကြားသူများ၏ လုပ်ရပ်က ၎င်းအား အလွန်အမင်း စိတ်ပျက်စေသည်ဟု ပြောကြားခဲ့သည်။

ရုရှားတင့်ကားအများအပြား၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်များနှင့် မော်တော်ဆိုင်ကယ်များဖြင့် တိုက်ခိုက်နေသည့် ရုရှားစစ်သားများကို ယူကရိန်းစစ်တပ်က ဖမ်းမိထားသည့် ဓာတ်ပုံအထောက်အထားများကိုလည်း ဝမ်၏ ဗီဒီယိုများတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required