ယူကရိန်းအခြေအနေကို တရုတ်က စောင့်ကြည့် လေ့လာနေကြောင်း အမေရိကန် တပ်မှူးပြောကြား

ယူကရိန်းအခြေအနေကို တရုတ်က စောင့်ကြည့် လေ့လာနေကြောင်း အမေရိကန် တပ်မှူးပြောကြား

ဧပြီ ၉

ရုရှား-ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်တွင် တရုတ်က ၎င်း၏ စွမ်းရည်များကို တိုးမြှင့်ကာ ထိုင်ဝမ်နှင့် အတင်းအကျပ်ပေါင်းစည်းမည့် အစီအစဉ်များကို ပြန်လည်ချိန်ညှိနေခြင်းကြောင့် ထိုင်ဝမ်အရေးကို အမေရိကန်က သတိထားရန်လိုကြောင်း အမေရိကန်အကြီးတန်းတပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

"ယူကရိန်းမှာ ဖြစ်ပျက်ခဲ့တာတွေကို တရုတ်က စောင့်ကြည့်နေပြီး လေ့လာမှတ်သားနေပါတယ်" ဟု အမေရိကန် ပစိဖိတ်ရေတပ်သင်္ဘောတပ်စု၏ ရေတပ်ဗိုလ်ချုပ်ကြီး ဆင်မြူရယ် ဂျေပါပါရိုက ပြောကြားခဲ့သည်။

"အဲဒီကနေ လေ့လာလို့ရသမျှ သင်ယူပြီး အစီအစဉ်တွေကို ပြန်လည်ချိန်ညှိမှုတွေ အတိုင်းအတာ တစ်ခု ထိရှိနိုင်ပါတယ်။ တွေရှိခဲ့တဲ့အရာတွေအပေါ် အခြေခံပြီး ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည် တွေကို မြှင့်တင်သွားပါလိမ့်မယ်" ဟု ဝါရှင်တန်အခြေစိုက် အင်ဒို-ပစိဖိတ် နိုင်ငံများမှ သတင်းထောက်များနှင့် စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဂျေပါပါရိုက ပြောကြားခဲ့သည်။

တရုတ်က မည်ကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းနှင့် ပတ်သက်၍ အကြောင်းရင်းများစွာရှိကြောင်း ပါပါရိုက ပြောကြားခဲ့သည်ဟု Taiwan Focus က ဖော်ပြခဲ့သည်။

ထို့ကြောင့် ထိုင်ဝမ်ကို အင်အားသုံးပြီး ပေါင်းစည်းရေးလုပ်ဆောင်လာပါက နိုင်ငံတကာစည်းမျဉ်းအခြေခံစနစ်ကို ထိန်းကြောင်းရန်နှင့် ထိုင်ဝမ်ကို ကာကွယ်မည်ဟူသော အမေရိကန်၏ ကတိကဝတ်ကို တည်စေရန် အရေးပေါ် ပြင်ဆင်စရာရှိသည်များအတွက် ၎င်းအနေဖြင့် လုပ်ဆောင်စရာရှိသည်များကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဂျေပါပါရိုက ပြောကြားခဲ့သည်။

မကြာသေးမီက လူ့အခွင့်အရေး၊ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် အမေရိကန်နှင့် တရုတ်ဆက်ဆံရေး ဆိုးရွားလာခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်အဖြစ် ဆက်လက်ရှုမြင်ပြီး အင်အားသုံး၍ ပြန်လည် ပေါင်းစည်းသွားမည် ဟု ဆုံးဖြတ်ထားသည်။

ထိုင်ဝမ်သည် တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာ မြောက် ဆက်ဆံရေး တိုးမြှင့်ခြင်းဖြင့် တရုတ်ကို အကြိမ်ကြိမ် ဆန့်ကျင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly