မြိတ်အကျဉ်းထောင်မှ ကျောင်းဆရာ အပါဝင် ၅ ဦး ပြန်လွတ်

မြိတ်အကျဉ်းထောင်မှ ကျောင်းဆရာ အပါဝင် ၅ ဦး ပြန်လွတ်

ဧပြီလ ၈ ရက်

ဆူပူ ဆန္ဒပြသည် ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာ အပါအဝင် ငါးဦး လွတ်ရက်စေ့၍ ယနေ့ ဧပြီလ ၈ ရက် နံနက် ၉ နာရီခွဲက မြိတ်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဆရာကိုညီညီဦး အပါဝင် အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လတွင် စခန်းသစ်ကျေးရွာရှိ နေအိမ် အသီးသီး၌ ဖမ်းဆီးပြီး မြိတ်အကျဉ်းထောင် ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် တစ်နှင့် သုံးလ ချမှတ်ခဲ့သည်ဟု သိရသည်။

“ဟုတ်ပါတယ်၊ ဒီကနေ့ မနက်က လွတ်ရက်စေ့ပြီး ပြန်လည် လွတ်လာတာပါ၊ ခြောက်ဦးထဲက ငါးဦးပဲ လွတ်လာ တာပါ၊ ကျန်တစ်ဦးက ရဲဘက်စခန်းကို ပါသွားလို့ အခုလ ၂၁ ရက်နေ့မှ လွတ်မယ်” ဟု ကိုညီညီဦး ကပြောသည်။

လက်ရှိ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး ပြန်လွတ်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly