တရုတ်တွင် ကင်ဆာကြောင့် နေ့စဉ် လူ ရ၅၀၀ သေဆုံးနေ

တရုတ်တွင် ကင်ဆာကြောင့် နေ့စဉ် လူ ရ၅၀၀ သေဆုံးနေ

ပေကျင်း၊ ဇန်နဝါရီ ၂၇ ။              ။ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်းများကြောင့် တရုတ်နိုင်ငံတွင် ကင်ဆာဖြစ်ပွားမှုက စံချိန်တင်မြင့်မားနေပြီး ပြီးခဲ့သည့်နှစ်အတွင်း ကင်ဆာဖြစ်သူ ၄ ဒသမ ၃ သန်းရှိပြီး သေဆုံးမှုပေါင်း ၂ ဒသမ ၈ သန်းရှိခဲ့ကြောင်း သုတေသနပညာရှင်များက ဇန်နဝါရီ ၂၆ ရက်၌ ပြောသည်။

တရုတ်တွင် ကင်ဆာဖြစ်ပွား၍ သေဆုံးမှုများတွင် အဆုတ်ကင်ဆာက အများပြားဆုံးဖြစ်ကြောင်း ကင်ဆာဂျာနယ်နှင့် အမျိုးသားကင်ဆာစင်တာသို့က ထုတ်ပြန်သည်။

လူဦးရေ ၁ ဒသမ ၃၇ ဘီလီယံရှိရာ တရုတ်နိုင်ငံတွင် အဓိကပြည်သူကျန်းမာရေးပြဿနာက ကင်ဆာရောဂါဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကင်ဆာဖြစ်ပွားမှုနှုန်းနှင့် ပတ်သက်ပြီး အလွန်နည်းသည့် လူအရေအတွက်ပေါ်တွင်သာ သုတေသနလုပ်ခဲ့ခြင်း၊ ၁၉၉၀ ခုနှစ်များက အချက်အလက်များအပေါ် အခြေပြုခြင်းတို့ကြောင့် ယခင်က ခန့်မှန်းရမှုက ခက်ခဲခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း အချက်အလက်များ အားကောင်းလာခြင်းကြောင့် တရုတ်အမျိုးသားကင်ဆာမှတ်ပုံတင်စင်တာမှတစ်ဆင့် အရေအတွက်ကို ဆန်းစစ်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနောက်ဆုံးထုတ်ပြန်ချက်သည် လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ၂၀၀၉ မှ ၂၀၁၁ ကြားက ကင်ဆာမှတ်ပုံတင်ဌာန ၇၂ ခုမှ အချက်အလက်များကို အခြေခံဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသတင်းအချက်အလက်များကို အသုံးပြုလျက် ၂၀၁၅ တွင် တရုတ်နိုင်ငံအတွင်း ကင်ဆာဖြစ်ပွားသူပေါင်း ၄၂၉၂၀၀၀ ဦးရှိလိမ့်မည်ဖြစ်ကြောင်း သုတေသနအဖွဲ့က ခန့်မှန်းသည်။

ထိုပမာဏသည် တစ်နေ့လျှင် ကင်ဆာရောဂါစဖြစ်သူ ၁၂၀၀၀ ရှိပြီး သေဆုံးသူ ၇၅၀၀ ရှိသည့် ပမာဏပင်ဖြစ်သည်။

ကင်ဆာဖြစ်ပွားအများဆုံးမှာ အမျိုးသားများတွင် အဆုတ်၊ အစာအိမ်၊ အသည်း ကင်ဆာစသည်တို့ဖြစ်ပြီး အမျိုးသမီးမာျးတွင် ရင်သားကင်ဆာက အဖြစ်အများဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly