ရုရှားအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို တရုတ် အခွင့်ကောင်းယူ အသုံးချ

ရုရှားအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို တရုတ် အခွင့်ကောင်းယူ အသုံးချ

ရုရှားအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများသည် ကျယ်ပြန့်လှပြီး သမိုင်းတွင် မကြားစဖူး တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ ဖြစ်သော်လည်း ထိုအခြေအနေကို အသုံးချရန် တရုတ်နိုင်ငံအတွက် ကြီးမားသော အခွင့်အရေးဖြစ်လာသည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဟာကွက်သည် ကိုယ်ပိုင်အကျိုးအမြတ်အတွက် အခြေအနေများကို အမြတ်ထုတ်အသုံးချရန် တရုတ်နိုင်ငံအတွက် အခွင့်အလမ်းပြတင်းပေါက်တစ်ခု ဖြစ်လာသည်။

အစောပိုင်းအခွင့်အရေးကို အာရုံခံမိနေသော တရုတ်သည် ပဋိပက္ခမဖြစ်ပွားမီ ဖေဖော်ဝါရီလက ရုရှားမှ ဂျုံတင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းနှင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ကုဗမီတာ ၁၀ ဘီလီယံ ထောက်ပံ့ရေးဆိုင်ရာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းဖြင့် ရုရှားစီးပွားရေးကို တွန်းအားပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ယူကရိန်းနှင့် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးကို အခွင့်ကောင်းယူကာ ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းအား မောင်းသူမဲ့လေယာဉ်များ ပေးအပ်ခဲ့သည်။ ရုရှားအား တိုက်ခိုက်ရန် တရုတ်ကုမ္ပဏီ DJI မှ ထုတ်လုပ်သော ဒရုန်းများကို ယူကရိန်းတပ်ဖွဲ့များက အသုံးပြုနေသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။

သို့သော် အမြော်အမြင်အရှိဆုံးနှင့် မရိုသားဆုံးသော တရုတ်စီးပွားရေးလှည့်ကွက်အဖြစ် နိုင်ငံခြားငွေလဲလှယ်နှုန်းထိန်းချုပ်မှုကို ဖြေလျှော့ပေးလိုက်ပြီး ယွမ်နှင့်ယှဉ်လျှင် ရုရှားငွေကြေး ရူဘယ်တန်ဖိုးလျင်မြန်စွာကျဆင်းသွားကာ ရုရှားမှသွင်းကုန်များကို စျေးသက်သာသွားစေသည်။

တရုတ်၏ လိုအပ်ချက်များနှင့်အညီ စစ်ရေးလေ့ကျင့်မှုကို ချိန်ညှိရန် ရုရှားကို အသုံးချသည့်အခွင့်အရေးကို တရုတ်က လက်လွှတ်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

ပဋိပက္ခစတင်ချိန်မှစ၍ တရုတ်-ဥရောပ အမြန်လမ်းတစ်လျှောက် ရှန်ဟိုင်းမှ ရုရှားသို့ ကုန်စည်ပို့ဆောင်မှုမှာ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ရှန်ဟိုင်းအစိုးရပိုင်မီဒီယာ၏ဖော်ပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly