ရုရှားနှင့် ချစ်ကြည်ရင်းနှီးမှုထက် တရုတ်က ကိုယ်ကျိုးစီးပွားကို ပိုမိုအလေးထား

ရုရှားနှင့် ချစ်ကြည်ရင်းနှီးမှုထက် တရုတ်က ကိုယ်ကျိုးစီးပွားကို ပိုမိုအလေးထား

ရုရှားကို အမှန်တကယ် စီးပွားရေးအထောက်အပံ့ပေးခြင်းကို တရုတ်က စိတ်ဝင်စားမှုနည်းပါးခြင်းကြောင့် ရုရှားနှင့် ခိုင်မာသော ချစ်ကြည်ရင်းနှီးကြောင်း ကြွေးကြော်နေသော်လည်း တရုတ်သည် မိမိ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် ယူကရိန်း-ရုရှားစစ်ပွဲတွင် များစွာ စိတ်မဝင်စားသလိုသာနေခဲ့သည်။

ရုရှားကို စွန့်ခွာရန် တရုတ်က ငြင်းဆိုခဲ့ခြင်း သို့မဟုတ် ရုရှားကို ထောက်ခံသည့်အတွက် အမေရိကန်၏ နောက်ဆက်တွဲ ပြစ်ဒဏ်များကြောင့် အလျော့ပေးခဲ့ခြင်းနှင့် မည်ကဲ့သို့လုပ်ရမည်ကို တရုတ်ကို ပြောကြားခြင်းကို တရုတ်က အလေးမထားကြောင်း ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ယန်ကျဲချီ က အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်ကို ပြောကြားခဲ့သည်ဟု Tibet Press မှဖော်ပြခဲ့သည်။

သို့သော် ရုရှားနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆန့်ကျင်ပြီး တရုတ်က အချို့သော အခြေအနေ များတွင် တရုတ်က အထင်ကရ နိုင်ငံပိုင်ဘဏ် ၂ ခုဖြစ်သည့် Bank of China နှင့် Industrial and Commercial Bank of China တို့က ရုရှားနှင့် ဆက်ဆံရေးကို ရပ်ဆိုင်းထားသောကြောင့် ရုရှားနှင့် ကုန်စည်အရောင်းအဝယ်များ ရပ်ဆိုင်းခဲ့ရသည်။

ထို့ပြင် တရုတ်ကျောထောက်နောက်ခံပြုထားသည့် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နှင့် ရုရှားရှိ BRICS ဘဏ် စီမံကိန်းများကို ရပ်ဆိုင်းထားပြီး ရုရှားမှ ပင်လယ်စာတင်သွင်းခြင်းကို ကိုဗစ်-၁၉ အစီအမံများကို အကြောင်းပြကာ တရုတ်က ပိတ်လိုက်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်စမတ်ဖုန်းထုတ်လုပ်သူများဖြစ်သည့် Xiaomi၊ Oppo နှင့် Huawei တို့သည် ရုရှားသို့ တင်ပို့ရောင်းချမှုကို ထက်ဝက်ခန့် ဖြတ်တောက်ထားသော်လည်း ရုရှားနိုင်ငံပိုင်မီဒီယာများ ပိတ်ဆို့ခံရပြီးနောက် TikTok သည်လည်း လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

ထို့ပြင် ရုရှားမှ အနောက်တိုင်းနှင့် ဂျပန်ကားထုတ်လုပ်သူများ ရွှေ့ပြောင်းသွားပြီးနောက် လက်ဝါးကြီး အုပ်လု နီးဖြစ်သကဲ့သို့ Haval ကဲ့သို့သော တရုတ်ကားထုတ်လုပ်သူများသည် တင်ပို့မှုရေး နှောင့်နှေးရခြင်း ကို အကြောင်းပြကာ ၅၀ ရာခိုင်နှုန်း ဈေးနှုန်းများကို မြှင့်တင်ခဲ့သည်။

ယင်းကဲ့သို့ ဈေးနှုန်းသိသိသာသာမြင့်တက်လာမှုသည် ရုရှားနှင့် တရုတ်မော်တော်ကားများ အဓိကချုပ်ကိုင်ထားသော ဈေးကွက်တွင် ဈေးကွက်ဝယ်လိုအားနှင့်အတူ ပြိုင်ဆိုင်မှု လျော့နည်းသွားခြင်းကြောင့်ဖြစ်ကြောင်း ရုရှားစီးပွားရေးမဂ္ဂဇင်းတစ်ခုက ဆိုသည်။

ယင်းအခြေအနေသည် ရုရှားနှင့် ချစ်ကြည်ရင်းနှီးမှုသည် အကန့်အသတ်မရှိဟု တရုတ်၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly