မြောက်ကိုရီးယားသည် ရှေ့အပတ်ထဲ နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်လာနိုင်ဟု အမေရိကန် သတိပေး

မြောက်ကိုရီးယားသည် ရှေ့အပတ်ထဲ နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်လာနိုင်ဟု အမေရိကန် သတိပေး

ဧပြီ ၇

မြောက်ကိုရီးယားသည် ငါးနှစ်နီးပါးအတွင်း ယင်း၏ ပထမဆုံးသော နျူကလီးယားလက်နက် စမ်းသပ်မှု လုပ်ဆောင်ရန် ပြင်ဆင်နေနိုင်သည်ဟု အကြီးတန်းအမေရိကန်အရာရှိတစ်ဦးက ပြောသည်။

မကြာသေးခင်က တာဝေးပစ် ဒုံးကျည်စမ်းသပ်မှု လုပ်ထားခဲ့ပြီးနောက် နောက်ထပ် ရန်စသည့် လုပ်ရပ်များ ထပ်မလုပ်ရန် ၎င်းက မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ ၁၁၀ နှစ် ပြည့် မွေးနေ့ နှစ်ပတ်လည် အထိမ်းအမှတ် ကျရောက်မည့် ဧပြီ ၁၅ ရက်တွင် မြောက်ကိုရီးယားသည် ယင်း၏ ကြီးထွားလာသော နျူကလီးယားလက်နက် လုပ်နိုင်စွမ်းကို ထုတ်ဖော်ပြသလာနိုင်သည်ဟု အမေရိကန်က ယုံကြည်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် ဆောင်ကင်က ပြောသည်။

“လာမယ့် နှစ်ပတ်လည် အခမ်းအနားနဲ့ ဆက်စပ်ပြီး မြောက်ကိုရီးယားဟာ နောက်ထပ် တမင်တကာ စတဲ့ လုပ်ရပ်ကို လုပ်လာနိုင်တယ် ဆိုပြီး မိမိတို့ စိုးရိမ်ပူပန်နေမိပါတယ်” ဟု ဆောင်ကင်က ဧပြီ ၆ ရက်တွင် သတင်းထောက်များကို ပြောသည်။

“ကျွန်တော် သိပ်အများကြီးတော့ မှန်းမပြောချင်ပါဘူး။ ဒါပေမယ့် အဲဒါက နောက်ထပ် ဒုံးကျည်စမ်းသပ်မှု ဖြစ်နိုင်ပါတယ်။ နျူကလီးယားစမ်းသပ်မှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီ နှစ်ပတ်လည် အခမ်းအနားဟာ နောက်ထပ် တင်းမာမှု အရှိန်မြင့်တက်စေမှု မရှိဘဲ ဖြတ်ကျော်သွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ် လုပ်ဆောင်ထားပြီး ယင်းတို့အနက် လေးကြိမ်သည် လက်ရှိ ခေါင်းဆောင် ကင်ဂျုံအွန်း လက်ထက်တွင် လုပ်ဆောင်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required