အာဖဂန်နစ္စတန်အတွက် ဂြိုဟ်တု ရုပ်သံလိုင်းကို အမေရိကန်စတင်ထုတ်လွှင့်

အာဖဂန်နစ္စတန်အတွက် ဂြိုဟ်တု ရုပ်သံလိုင်းကို အမေရိကန်စတင်ထုတ်လွှင့်

အမေရိကန်အစိုးရ ငွေကြေးထောက်ပံ့သော VOA သတင်းအေဂျင်စီသည် အာဖဂန်နစ္စတန်အတွက် ဂြိုဟ်တုမှတဆင့် အချိန်ပြည့် ထုတ်လွှင့်သည့် DTH တီဗီချန်နယ်တစ်ခုကို မတ်လ ၂၉ ရက်တွင် စတင်ထုတ်လွှင့်လိုက်သည်။

ယင်းသည် အဆိုပါ သတင်းအေဂျင်စီ၏ မြေပြင်အခြေစိုက် ထုတ်လွှင့်မှု အစီအစဉ်များကို တာလီဘန်တို့က ပိတ်ပင်ချက် ထုတ်ပြန်ပြီးနောက် တစ်ရက်အကြာတွင် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းမတိုင်မီ အစောပိုင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အာဖဂန်နစ္စတန်၌ ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေး ခုခံကာကွယ်သူများကို အကြောက်တရားကင်းမဲ့စွာဖြင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ပြုရေး တာလီဘန်အုပ်ချုပ်သူများအား တိုက်တွန်းခဲ့သည်။

ယခု ချန်နယ်သစ်သည် Pashto နှင့် Dari ဘာသာစကားနှစ်ခုစလုံးဖြင့် “ဆင်ဆာမဖြတ်ထားသည့် သတင်းများနှင့် အချက်အလက်များ” ကို ထုတ်လွှင့်မည် ဖြစ်ကြောင်း VOA က ကြေညာခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်က တာလီဘန်တို့သည် VOA နှင့် ပေါင်းစည်းသည့် အာဖဂန် ရုပ်သံလွှင့်ဌာနများကို VOA အစီအစဉ်များ ထုတ်လွှင့်ပြသမှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် အမျိုးသမီးများကို အမျိုးသားနှင့်အတူ ရုပ်သံသတင်း တင်ဆက်ခြင်းမှ တားမြစ်မှု အပါအဝင် တာလီဘန် မူဝါဒများကို ထိခိုက်စေသည်ဟု ယူဆသည့် အကြောင်းအရာများအပေါ် ပိတ်ပင်မှု၏ တစိတ်တဒေသအဖြစ် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly