ရှန်ဟိုင်းတွင် ပိတ်ဆို့ကန့်သတ်ချက်များကြောင့် ပြည်သူများ၏ ဒေါသ ကြီးထွားလာ

ရှန်ဟိုင်းတွင် ပိတ်ဆို့ကန့်သတ်ချက်များကြောင့် ပြည်သူများ၏ ဒေါသ ကြီးထွားလာ

တရုတ်တွင် နေ့အလိုက် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု ဧပြီလ ၁ရက်တွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိ သွားသလို ရှန်ဟိုင်းမြို့တွင် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒအပေါ် လူထု၏ မကျေမနပ်ဖြစ်မှု ကြီးထွား လာခြင်းကို စီမံခန့်ခွဲရန် တရုတ်အစိုးရသည် ရုန်းကန်နေရသည်။

နိုင်ငံ၏ အကြီးဆုံးမြို့ကြီးနှင့် ကမ္ဘာ့ဘဏ္ဍာရေးအချက်အခြာဖြစ်သော ရှန်ဟိုင်းတွင် နေထိုင်သူများသည် အချို့သောအခြေအနေများတွင် အချိန်တစ်လကြာအထိ ပိတ်ဆို့ကန့်သတ်မှုအမိန့်ကို စတင် ဆန့်ကျင်နေကြ ကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။

ရှန်ဟိုင်းတွင် ကိုဗစ်ကူးစက်မှုသည် ယခင်ဝူဟန်မြို့ရောဂါဖြစ်ပွားမှုထက် ပမာဏ ပိုမိုကြီးမားသော်လည်း ပြင်းထန်မှု နည်းပါးသည်ဟု အစိုးရမီဒီယာ Global Times မှ ဖော်ပြခဲ့သည်။

ရှန်ဟိုင်းမြို့ ကျန်းမာရေးအာဏာပိုင်များက အစုလိုက်အပြုံလိုက်စစ်ဆေးခြင်းပိုမိုပြုလုပ်ခြင်းကြောင့် ကူးစက် ရောဂါဖြစ်ပွားမှု ပိုမိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ယူဆနေသည်။

"ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခဲ့လို့ ဒီနေ့ ရောဂါဖြစ်ပွားမှုနှုန်းက အရင်နှစ်ရက်နဲ့ နှိုင်းယှဉ်ရင် တိုးလာပါတယ်" ဟု ရှန်ဟိုင်းကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ ဝူချင်ယုက က ဧပြီလ ၂ရက်တွင် ပြုလုပ် ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ပြင်းထန်မှု မည်သို့ပင်ရှိစေကာမူ ကူးစက်သူအားလုံးကို သီးခြားခွဲ ထုတ်ရန်အတွက် ဆေးဘက်ဆိုင်ရာစနစ်များသည် လိုအပ်ချက်များရှိနေသည်။

ကျန်းမာရေးအာဏာပိုင်များက တိုင်းပြည်ကို ကြီးမားသောရောဂါကူးစက်မှုမှ ကာကွယ်ရန် ကြိုးစားနေသော ကြောင့် ယင်းကိုဗစ်အစီအမံအများအပြားသည် အသက်အရွယ်အိုမင်းသူများနှင့် ကျန်းမာရေးမကောင်း သူများ၏ အန္တရာယ်ကို ကျရောက် စေသည့် မလိုလားအပ်သော အကျိုးဆက်များရှိနေသည်။

ကိုဗစ်အကျပ်အတည်းနှင့် လုံးပန်းနေရသည့် ဆေးရုံတစ်ရုံတွင် ကိုဗစ်ကူးစက်မှုသည် အသက်ကြီးသူများကြား တွင် ကူးစက်ပျံ့နှံ့မှု များပြားနေသဖြင့် လွန်ခဲ့သည့် ၃ ရက်အတွင်း ဆက်တိုက် အသက်ဆုံးရှုံးမှုများရှိခဲ့သည်။

တရုတ်အကြီးဆုံးမြို့တွင် ထိခိုက်လွယ်သော သက်ကြီးရွယ်အိုများကို ကူးစက်မှုများနေကြောင်း New York Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly