ပါကစ္စတန်တွင် အမျိုးသမီးများ၏ ဘေးကင်းလုံခြုံမှုက အဓိကမေးခွန်းတစ်ခုအဖြစ် ဆက်ရှိနေ

By Latestly
06 April 2022
ပါကစ္စတန်တွင် အမျိုးသမီးများ၏ ဘေးကင်းလုံခြုံမှုက အဓိကမေးခွန်းတစ်ခုအဖြစ် ဆက်ရှိနေ

ပါကစ္စတန်တွင် မကြာသေးခင်က ဟိန္ဒူဘာသာဝင် မိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်က ယင်းနိုင်ငံရှိ အမျိုးသမီးများ၊ အထူးသဖြင့် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းများမှ အမျိုးသမီးများ၏ ဘေးကင်း လုံခြုံမှုနှင့်ပတ်သက်ပြီး မေးခွန်း ဖြစ်ပေါ်စေခဲ့သည်။

မကြာသေးခင်က ဆက်ကာမြို့တွင် ဟိန္ဒူအသိုင်းအဝိုင်းမှ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူမကို ပြန်ပေးဆွဲရန် ကြိုးပမ်းသူများကို ပြန်လည်ခုခံခဲ့စဉ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူက ၎င်းကို လက်ထပ်ရန် ငြင်းဆန်ခဲ့သည့် ထိုမိန်းကလေး၏ အိမ်ထဲသို့ အဖော်နှစ်ဦးနှင့်အတူ ဝင်ရောက်ခဲ့ပြီး သူမကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရဲများက သံသယရှိသူကို ဖမ်းဆီးခဲ့ပြီး ဒေသတရားရုံး၌ အမှုဖွင့်ပို့ဆောင်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး The New International က အယ်ဒီတာ့အာဘော်တစ်ပုဒ်တွင် ဖော်ပြသည်။

ယင်းနိုင်ငံတွင် အထူးသဖြင့် ဆင်းဒ်ပြည်နယ်၌ အသက်မပြည့်သေးသည့် မိန်းကလေးများကို ပြန်ပေးဆွဲခြင်း၊ အတင်းအကျပ် ဘာသာအယူပြောင်းခိုင်းခြင်း စသည့် ဖြစ်စဉ်အများအပြား ဖြစ်ပွားထားခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်စဉ်များတွင် တရားရေးစနစ်တစ်ခုလုံး၊ ရဲ နှင့် အုပ်ချုပ်ရေး ယန္တရားများက အကူအညီပေးနိုင်သည့် ပုံ မပေါ်ကြောင်း ယင်းက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံရေးသမားများသည် ဆင်းရဲမွဲတေမှုမှစပြီး အကျင့်ပျက်ခြစားမှုအထိ အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြသော်လည်း မဖြစ်မနေ အာရုံစိုက်ရန်လိုသည့် ယခုကဲ့သို့ ကိစ္စရပ်မျိုးကို အထူးတလည် အာရုံစိုက်ခြင်း မရှိဘဲဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly