မိန်းကလေးစာသင်ကျောင်းများကို ပိတ်ခြင်းကြောင့် အာဖဂန်နစ္စတန်ရှိ ဒေါ်လာသန်း ၆၀၀ တန် စီမံကိန်းများကို ကမ္ဘာ့ဘဏ် ဆိုင်းငံ့

By Khaama
06 April 2022
မိန်းကလေးစာသင်ကျောင်းများကို ပိတ်ခြင်းကြောင့် အာဖဂန်နစ္စတန်ရှိ ဒေါ်လာသန်း ၆၀၀ တန် စီမံကိန်းများကို ကမ္ဘာ့ဘဏ် ဆိုင်းငံ့

အာဖဂန်နစ္စတန်နိုင်ငံတွင် မိန်းကလေးများ၏ အလယ်တန်းကျောင်းများအပေါ် တာလီဘန်တို့က ပိတ်လိုက် ပြီးနောက် ယင်းနိုင်ငံရှိ ဒေါ်လာသန်း ၆၀၀ တန်ကြေးရှိ စီမံကိန်း ၄ ခုကို ဆိုင်းငံ့ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာခဲ့သည်။

ယင်းစီမံကိန်းများသည် အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ယုံကြည်မှုရန်ပုံငွေ (ARTF) ဖြင့် ငွေကြေးထောက်ပံ့သော စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် အဓိကထားသည့် စီမံကိန်းများဖြစ်သည်။

အာဖဂန်နစ္စတန်တွင် မိန်းကလေးများ၏ ပညာသင်ကြားခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုများ ချမှတ်မှုအပေါ် အလွန်တရာ စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ဖော်ခဲ့ပြီး စီမံကိန်းများကို ဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ARTF ဖြင့် ဘဏ္ဍာငွေထောက်ပံ့သော လုပ်ငန်းဆောင်ရွက်မှုများသည် အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ဝန်ဆောင်မှုများကို တန်းတူညီမျှ ထောက်ပံ့ပေးနိုင်ရန်နှင့် တန်းတူညီတူ ရရှိနိုင်ခွင့် ရှိရန် လိုအပ်သည်။

ARTF အလှူရှင်အားလုံးကိုလည်း ၎င်းတို့၏ အတည်ပြုခွင့်ပြုမှုအတွက် စောင့်ဆိုင်းကြရန် ကမ္ဘာ့ဘဏ်က တောင်းဆိုထားပြီး ယင်းမှသာ ကမ္ဘာ့ဘဏ်အနေဖြင့် အာဖဂန်နစ္စတန်ရှိ အခြေအနေကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်မည် ဖြစ်သလို စီမံကိန်းများ၏ ရည်မှန်းချက်များလည်း ပြည့်မီနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly