ထိုင်ဝမ်သည် နယ်မြေအစိတ်အပို်ငး တစ်ခုဖြစ်ကြောင်း သတ်မှတ်ချက်ကို ခိုင်မာအောင် တရုတ်ကြိုးပမ်းနေ

ထိုင်ဝမ်သည် နယ်မြေအစိတ်အပို်ငး တစ်ခုဖြစ်ကြောင်း သတ်မှတ်ချက်ကို ခိုင်မာအောင် တရုတ်ကြိုးပမ်းနေ

ထိုင်ဝမ်သည် ကွန်မြူနစ်အုပ်ချုပ်သော တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသော အကြောင်းကို ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် ဖော်ထုတ်ရန် တရုတ်က ကြိုးပမ်းနေ သည် ဟု အမေရိကန်ပညာရှင်အဖွဲ့က ဆိုသည်။

ထိုင်ဝမ်ကို ရည်ညွန်းကိုးကားရေးသား ဖော်ပြချက်များနှင့် သမိုင်းဝင်မှတ်တမ်းများကို ပြန်လည် ပြင်ဆင်ရန် အင်န်ဂျီအိုများအား ဖိအားပေးရန် တရုတ်က ကုလသမဂ္ဂတွင် ယင်း၏ သြဇာကို အသုံးပြုနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ German Marshall Fund မှ ထုတ်ဝေသော စာမျက်နှာ ၅၀ ပါ လေ့လာမှု တစ်ခုတွင် သတိပေးခဲ့ကြောင်း Nikkie Asia က ဖော်ပြခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ဆယ်စုနှစ် ခုနစ်စုကျော် သီးခြားစီ အုပ်ချုပ်နေသော်လည်း တရုတ်၏ အရှေ့တောင်ဘက် ကမ်းရိုးတန်းအနီးရှိ လူဦးရေ ၂၄ သန်းနီးပါး နေထိုင်သည့် ထိုင်ဝမ်အား တရုတ်က အချုပ်အခြာအာဏာ အပြည့်အဝ ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

အဆိုပါဆုံးဖြတ်ချက်တွင် "တရုတ်သမ္မတနိုင်ငံ" သို့မဟုတ် "ထိုင်ဝမ်" ဟူသော စကားလုံးများ မပါဝင်ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထိုင်ဝမ်အနေဖြင့် အဖွဲ့အစည်းများတွင် ကိုယ်စားပြုခွင့်မရှိဘဲ ကုလသမဂ္ဂတွင် တရုတ်နိုင်ငံကသာ ကိုယ်စားပြုမည်ဟုသာ ဖော်ပြထားသည် ။

ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ၏ မူရင်းစာသားကို တရုတ်က "တရုတ်တစ်နိုင်ငံတည်း" မူဝါဒနှင့် အညီ အဓိပ္ပာယ် ဖွင့်ဆိုသည့် နည်းလမ်းများဖြင့် လှည့်ဖျားနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Nikkie Asia က ဆိုသည်။

"ကမ္ဘာတွင် တရုတ်တစ်နိုင်ငံတည်းသာ ရှိသည်။ ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ် အစိုးရသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော တရားဝင်အစိုးရဖြစ်သည်" ဟု ထိုစာပုဒ်က ဖော်ပြထားသည်။

“ထိုင်ဝမ်နိုင်ငံသားတွေကို တရုတ်နိုင်ငံက ထုတ်ပေးထားတဲ့ ခရီးသွားခွင့်လက်မှတ်မရှိရင် ကုလသမဂ္ဂ အဆောက် အဦတွေကိုတောင် သွားရောက်လည်ပတ်နိုင်မှာမဟုတ်ပါဘူး” ဟု ကျော်ကြားသော ထိုင်ဝမ်ကျွမ်းကျင်သူ ဂလေဆာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly