ကလေးမြို့နယ်ရှိ စစ်ဘေးရှောင်များ ဆေးဝါး နှင့် ရိက္ခာ အရေးပေါ် လိုအပ်နေ

ကလေးမြို့နယ်ရှိ စစ်ဘေးရှောင်များ ဆေးဝါး နှင့် ရိက္ခာ အရေးပေါ် လိုအပ်နေ

ဧပြီ ၅

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာများ အရေးပေါ် လိုအပ်လျက် ရှိသည်။

ကလေးမြို့ တောင်ဘက် ၁၅ မိုင်ခန့် အကွာရှိ နတ်ချောင်း ၊ နတ်မြောင်း ၊ ချောင်းခွ ရွာများမှ ဒေသခံများသည် ရွာလုံးကျွတ် နီးပါး တောတောင်များ၌ စစ်ဘေး ရှောင်နေကြရသည်မှာ သုံးလခန့် ရှိနေပြီ ဖြစ်သည်။

‘’ အခု ဆိုရင် သောက်သုံးရေ လုံးဝမှ မလွယ်လှပါဘူ။ ပြီးတော့ ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ နဲ့ သက်ကြီး ရွယ်အိုတွေလည်း အများကြီး ရှိနေပါတယ်။ သူနာပြု ဆရာမလေးတွေက တတ်နိုင်သလောက်တော့ စောင့်ရှောက် နေပါတယ်။ အခုက ဆေးဝါး ပြတ်တောက်နေတဲ့ အဆင့်ကို ရောက်နေပါပြီ။ စားဝတ်နေရေးကလည်း ပြေးလာတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတာ ဆိုတော့ အခက်အခဲတွေ အများကြီးပါ။ အချို့ဆို ထမင်း နပ် မမှန်တာတွေထိ ရှိနေပါတယ် ”ဟု စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်သည် နတ်ချောင်းရွာ၏ မြောက်ဘက် တာရာကုန်းရွာ နှင့် တောင်ဘက် ရန်ကြီးအောင်ရွာတို့၌ လက်ရှိ တပ်စွဲထားသည်။

#Mizzima

#ကလေးမြို့နယ်

#စစ်ဘေးရှောင်

#ရိက်ခာ

#နတ်ချောင်းရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required