လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက်သို့ပြောင်းရန်စီစဉ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက်သို့ပြောင်းရန်စီစဉ်

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ။         ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းဆောင်တာများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ဦးစီးဌာနအဖြစ်ထားရှိ သွားမည်ဟု သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၂၆ရက်တွင် ပေးပို့သော စာအရသိရသည်။

လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ဆက်စပ်ဦးစီးဌာနများအချင်းချင်း ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် ဦးစီးဌာနအနေဖြင့် ထားရှိလိုကြောင်း သမ္မတရုံးမှ ပေးပို့သော စာအရသိရသည်။

နိုင်ငံတော် ဘဏ္ဍာငွေ ကုန်ကျမှုကို လျှော့နိုင်ရန်နှင့် အမျိုးသားမှတ်ပုံတင်ရေးလုပ်ငန်းနှင့် နိုင်ငံသားမှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူအင်အားစရင်းကောက်ယူ ထိန်းသိမ်းရေလုပ်ငန်းတို့ကို ထိရောက်စွာ ကောက်ယူနိုင်ရေးတို့အတွက် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံတော်လုံခြုံရေးနယ်စပ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက်လည်ကောင်း၊ နယ်စပ်ဒေသတွင် နိုင်ငံခြားသာများ တရားမဝင် ခိုဝင်စိမ့်ဝင်မှုများအား ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် ဟန်ချက်ညီစွာ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီပေးရန် နိုင်ငံတော်သမ္မတရုံး၏ ပေးပို့စာတွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly