တမူးမြို့နယ်  တမူး-အောင်ဇေယျလမ်းပိုင်းတွင်သွားလာနေသည့်ယာဉ်များအား ကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေး

တမူးမြို့နယ်  တမူး-အောင်ဇေယျလမ်းပိုင်းတွင်သွားလာနေသည့်ယာဉ်များအား ကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေး

ဧပြီလ ၅ ရက်

စစ်ကိုင်းတိုင်း တမူးမြို့နယ် တမူး - အောင်ဇေယျကာလမ်းပိုင်း အသုံးပြုသွားလာသည့် ယာဉ်များအား မျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိနေပြီး ဧပြီ ၄ ရက်နေ့က စစ်ဆေးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။

“ကျနော်တို့ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက် ကြတာကို တွေ့ရ ပါတယ်။ တချို့ ဆက်သွယ်ရေးခက်ခဲတဲ့အတွက် မသိကြတဲ့လူအနည်းစုကိုတော့ နားလည်အောင် ရှင်းပြခဲ့ တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဉီးမှ မဇ္စျိမသို့ ပြောကြား သည်။

သတ်မှတ်ထားသည့်အချိန်အတွင်း စည်းကမ်းများနှင့်အညီ ဖြတ်သန်းသွားလာမှုများအား မြင်တွေနေ့ရ ကြောင်း၊ စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသည် ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုများ မတွေ့ရှိရကြောင်းဆိုသည်။

နယ်မြေရှင်းလင်းမှုအား PDF – Tamu တပ်ရင်း(၁) နှင့် (၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  ဆိုင်ကယ် မတော် တဆထိ ခိက်ပြီး ဒဏ်ရာရလာသူအား ဆေးထည့်ပေးခြင်း၊ ပြည်သူများ လက်တွေကြုံတွေ့နေရသော အခက်အခဲများ အားမေးမြန်းတိုင်ပင်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ဆေးမှုများထဲမှ စစ်ကောင်စီအား ထောက်ခံအားပေးသည်ဟု ကျော်ဇောသတင်းရှိသည့် လူနှစ်ဉီးအား စစ်ဆေးတွေ့ရှိရသော်လည်း အသက်အရွယ် ကြီးရင့်နေသောကြောင့် လူသားချင်းစာနာထောက်ထား သောအားဖြင့် သုတ်သင်ခြင်းမပြုပဲ ဒိုက်ထိုးအပြစ်ဒဏ်ပေးခဲ့ကြောင်းနှင့် စစ်ဆေးမှုအဆုံးသတ်တွင် ပြည်သူများမှ “မင်းအောင်လှိုင် မအေလိုး” ဟူ၍ သံပြိုင်အော်ဟစ်ခဲ့ကြောင်းဆိုသည်။

မတ်လ ၃၀ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့များမှ သတိပေးကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး ၎င်း ကြေညာချက်တွင် တမူးမြို့မှ မြောက်ဖက်သို့သွားသော လမ်းပိုင်းတစ်လျောက် ည ၇ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန်၊ အိမ်စီးကားနှင့်မှန်လုံကားများ မှန်ချမောင်းနှင်ရန်နှင့် ကုန်တင် ယာဉ်များ ယာဉ်နောက်ပိုင်းကိုယ်ထည်များကို ဖုံးအုပ်ထားခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ကြောင်း ဖော်ပြထားသည်

စစ်ကောင်စီဒေါက်တိုင်များ၏ ထုတ်ကုန်များနှင့်ဆက်စပ်သောပစ္စည်းများ သယ်ဆောင်ခြင်း မပြုလုပ်ရန် နှင့်  စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်းပြီး တိုင်းပြည်၏သယံဇာတဖြစ်သည့် သစ်၊ ကျွဲနွားများ၊ တရားမဝင် မှောင်ခိုပစ္စည်းများ သယ်ဆောင်ခြင်းမပြုလုပ်ရန် သတိပေးထားသည်။

ကျန်းမာရေးကိစ္စနှင့် အရေးပေါ်ကိစ္စများပေါ်ပေါက်ပါက ၎င်းတို့ထံဆက်သွယ် အသိပေးခွင့်ပြုချက်ယူကာ သွားလာရမည်ဖြစ်ပြီး စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက ပျက်ကွက်သူ၏တာဝန်ဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား တာဝန်ယူမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly