‘ရှီကျင့်ဖျင်ခေတ်၏ သမိုင်းဝင်အရေးပါမှု' ဘာသာရပ်ကို တရုတ်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း

‘ရှီကျင့်ဖျင်ခေတ်၏ သမိုင်းဝင်အရေးပါမှု' ဘာသာရပ်ကို တရုတ်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ဗဟိုကော်မတီသည် 'ရှီကျင့်ဖျင်ခေတ်၏ သမိုင်းဝင်အရေးပါမှု' ဘာသာရပ်ကို အယူဝါဒဆိုင်ရာ ပညာရေး၊ ကေဒါသင်တန်း၊ ဝါဒဖြန့်ချိရေးနှင့် သီအိုရီ သုတေသနလုပ်ငန်းများတွင် နိုင်ငံ့သင်ရိုးညွှန်းတမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဦးစားပေးရန် အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

အဆိုပါဘာသာရပ်သည် တရုတ် ၏နှစ် ၁၀၀ သမိုင်းကြောင်းနှင့်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတိုးတက်မှုအတွက် မကြုံစဖူးသော ပံ့ပိုးကူညီမှုကို ချီးမွမ်းခဲ့သည့် ပြီးခဲ့သောနိုဝင်ဘာလက ကျင်းပခဲ့သော ၆ကြိမ်မြောက် စုံညီအစည်းအဝေးတွင် သတ်မှတ်လိုက်သည့် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

“ပါတီ၌ ကောင်းမွန်သည့် အတိတ်နှင့် တောက်ပသော အနာဂတ်ရှိကြောင်းကို သမိုင်းဆိုင်ရာတိုးတက်မှုစည်းမျဉ်းများကို လက်ဆုပ်လက်ကိုင်ပြုထားသောကြောင့် သိသည်။ သမိုင်းတွင် မိမိတို့၏ အနေအထားကို မိမိတို့ ယုံကြည်နိုင်သည်။ မိမိတို့သည် ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များအပေါ် ယုံကြည်မှုရှိသင့်သလို တရုတ်ဝိသေသလက္ခဏာများရှိသော ဆိုရှယ်လစ်စနစ် ရှီကျင့်ဖျင်အတွေးအမြင် သီအိုရီကိုလည်း ယုံကြည်သင့်သည်။စုပေါင်းဉာဏ်ပညာ၏ ပုံဆောင်ခဲအဖြစ် ဤသီအိုရီသည် နိုင်ငံကိုအားသစ်လောင်းရေးအတွက် လမ်းညွှန်ပေးလိမ့်မည်။ ရှီ၏ အခွင့်အာဏာနှင့် သူ၏ အတွေးအမြင်တို့ကို အားပေးထောက်ခံရန် လိုအပ်သည်။ပြည်သူကို အလုပ်အကျွေးပြုရန် ပါတီ အဘယ့်ကြောင့် တည်ရှိနေရသည်ကို သတိပြုမိရန်လိုသည်။ နာကျင်စရာကောင်းသော အပြောင်းအလဲများဖြစ်နေလျှင်ပင် မိမိတို့၏ အကြောင်းတရားအတွက် တိုက်ပွဲဝင်ချင်စိတ်ရှိရမည်” ဟု ညွှန်ကြားချက်တွင် ပါရှိသည်။

အဆိုပါ ညွှန်ကြားချက်သည် ၂၀၂၂ ခုနှစ်မှစတင်၍ တရုတ်လူမျိုးများ၏ ဘဝနှင့် ရွေးချယ်မှုများသည် တတိယဆုံးဖြတ်ချက်ကို မဏ္ဍိုင်ပြုနေရမည် ဖြစ်သည်ဟုဆိုရာတွင် ၎င်းတို့၏ ပျော်ရွှင်မှုသည် ပါတီနှင့် ရှီအပေါ် သစ္စာစောင့်သိမှုအပေါ် မူတည်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားချက်တွင် နိုင်ငံသူနိုင်ငံသားများက တင်းကျပ်စွာလိုက်နာရမည့် အခြေအနေ ၆ ခု ပါရှိပြီး ပထမတစ်ချက်တွင် "အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်၏ ပါတီသမိုင်းဆိုင်ရာ အရေးပါသော ရှင်းလင်းချက် နက်နက်နဲနဲလေ့လာရန်" ပြည်သူများအား တောင်းဆိုထားသည်။

အခြားသော ညွှန်ကြားချက်များမှာ နိုင်ငံသားများအား ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ၆ကြိမ်မြောက် စုံညီအစည်းအဝေး၏ သဘောထားကို လေ့လာပြီး အကောင်အထည်ဖော်ရန်၊ ပါတီ၏ တတိယမြောက် သမိုင်းဝင်ဆုံးဖြတ်ချက်ကို လေ့လာရန်၊ ပါတီ၏ သမိုင်းအတွေ့အကြုံကို အရေးပါသော အယူဝါဒလက်နက်အဖြစ် လိုက်နာကျင့်သုံးရန်၊ သီအိုရီဆိုင်ရာ အသိဉာဏ်ကို မြှင့်တင်ရေးအလေးထားရန်နှင့် ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများနှင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်၏ အတွေးအမြင်ကို ဦးစားပေးအဖြစ်လေ့လာရန် နိုင်ငံသားများအား ညွှန်ကြားထားသည်။

မကြာသေးမီက တရုတ်သမ္မတရှီကျင့်ဖျင်၏ စီးပွားရေးဆိုင်ရာ လေ့လာမှုနှင့်လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ စာအုပ်နှစ်အုပ်ကို နိုင်ငံအတွင်း၌ ထုတ်ဝေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required