တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးများ တောင်တရုတ်ပင်လယ် ပြဿနာ ဆွေးနွေး

တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးများ တောင်တရုတ်ပင်လယ် ပြဿနာ ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အလည်အပတ်ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီရိုဒိုရိုလောဆင်နှင့် တန်ရှီးမြို့တွင် ဧပြီ ၃ ရက်က တွေ့ဆုံခဲ့ကြသည်။

တောင်တရုတ်ပင်လယ် (SCS) ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ရှိနေချိန်တွင် ယခုဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံးသည် ဖိလစ်ပိုင်၏ အထူးသီးသန့်စီးပွားရေးဇုန်အတွင်းသို့ တရုတ်က ကျူးကျော် ဝင်ရောက်မှုနှင့်ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ရပ်များလည်း ဆွေး‌နွေး‌ခဲ့ကြသည်။ တရုတ်က

ကျွန်းတုများဖန်တီးခြင်းဖြင့် ကိုယ်တိုင်ပြဋ္ဌာန်းထားသည့် ဥပဒေများကို အကောင်အထည်ဖော်ရန်နှင့် လိုက်နာဆောင်ရွက်ရန် သီးသန့်လုပ်ပိုင်ခွင့်ရှိကြောင်း ကြေညာခဲ့သည်။

နယ်နမိတ် ၉ နေရာ ပိုင်နက်သတ်မှတ်ချက် အပေါ်အခြေခံသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက တောင်းဆိုထားပြီး လွန်ခဲ့သော ၅ နှစ်က နိုင်ငံတကာတရားရုံးက ထိုအမှုအား အခြေအမြစ်မရှိဟု စီရင်ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ဝမ်ယိနှင့်လော့ဆင်တို့ ဧပြီ ၃ ရက်ကတွေ့ဆုံစဉ် တောင်တရုတ်ပင်လယ် အရေးနှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ရေကြောင်းဆိုင်ရာကိစ္စရပ်များကို သင့်လျော်သည့် အနေအထားတွင် ထားရှိသင့်သည်ဟု ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံသည် ၎င်း၏ အိမ်နီးချင်းသံတမန်ရေးတွင် ဖိလစ်ပိုင်ကို ဦးစားပေးအဖြစ် အမြဲတမ်း မှတ်ယူကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံအပေါ် တရုတ်၏ အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရေးမူဝါဒက တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း ဝမ်ယိက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြခဲ့သည်။

ဝမ်က နှစ်ဘက်စလုံးသည် အနှောင့်အယှက်များကို ဖယ်ရှားကာ မတူညီမှုများကို တည်ငြိမ်စွာနှင့်စနစ်တကျ စီမံခန့်ခွဲပြီးထိုဖြစ်ရပ်များက တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးအခြေအနေအလုံးစုံကို မထိခိုက်စေသင့်ကြောင်း ပြောသည်။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် အဓိကအခြေခံအဆောက်အအုံစီမံကိန်းများကို အရှိန်မြှင့်ရန် အဆင်သင့်ဖြစ်နေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကိုလည်း ဆက်လက်ပံ့ပိုးပေးနေကြောင်း ဝမ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly