တောင်တရုတ်ပင်လယ်ကျွန်းစုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်ရှိကြောင်း တရုတ် ပြောကြား

တောင်တရုတ်ပင်လယ်ကျွန်းစုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်ရှိကြောင်း တရုတ် ပြောကြား

တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်ရှိကြောင်း တရုတ်က မကြာ သေးခင်က ထပ်မံပြောဆိုလိုက်ရာ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ရေပိုက်နက်မှ ကျွန်းတု များကို စစ်အခြေစိုက်စခန်းအဖြစ် ပြောင်းလဲမည်မဟုတ်ကြောင်း ယခင်က ပြောကြားချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက “မိမိပိုင်နက်အတွင်း လိုအပ်သော အမျိုးသားကာကွယ်ရေး အဆောက်အအုံများ ဖြန့်ကျက်ခြင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းအတွက် ရပိုင်ခွင့်တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့်အညီ ဖြစ်သည်” ဟု မကြာသေးမီက ပြောကြားခဲ့သည်။

တရုတ်က “ကိုယ်ပိုင် နယ်မြေ ပိုက်နက်” ဟုခေါ်တွင်သည့် ကျွန်းများသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ကျွန်းများဖြစ်ကြောင်း HK Post က ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်၏ တိုင်ကြားမှုများနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ သဘော တူစာချုပ် (UNCLOS) ၏ စီရင်ချက်ကို တရုတ်က ပထမဆုံးအကြိမ် လက်ခံရန် ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် မကျေနပ်သည့်နိုင်ငံဖိလစ်ပိုင်ကို အေးချမ်းစေရန် တရုတ်က စီးပွားရေးသြဇာကို အသုံးပြုခဲ့ကြောင်း HK Post က ဖော်ပြခဲ့သည်။

ပြင်းပြင်းထန်ထန် အခိုင်အမာပြောဆိုချက်အောက်တွင် တောင်တရုတ်ပင်လယ်မှ အခြားသက်ဆိုင်သူများကို ဒေသတွင်းရှိ တရုတ်၏ တောင်းဆိုချက်များကို မေးခွန်းမထုတ်ရန် ခြိမ်းခြောက်မှုလည်း ဖြစ်သည်။

ပထမဥပမာတွင် တောင်တရုတ်ပင်လယ်၌ တရုတ်က လုပ်ဆောင်သမျှသည် နိုင်ငံတကာဥပဒေနှင့်အညီဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း လိမ်ညာခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်နိုင်ငံ အများစုအပေါ် သမိုင်းဝင်အခွင့်အရေးများအရ ရပိုင်ခွင့်ရှိကြောင်း တရုတ်၏ ငြင်းဆိုချက်ကို UNCLOS ခုံရုံးက ပယ်ချခဲ့သည်။

တရုတ်က အမြဲတစေ အထက်ဆီးဆန်ဆန်ပြုမှုခဲ့ပြီး တောင်တရုတ်ပင်လယ်ဒေသရှိ အချုပ် အခြာအာဏာပိုင်နိုင်ငံများ၏ အခွင့်အရေးကို ငြင်းပယ်ခဲ့သည်။

သဘာဝဓာတ်ငွေ့နှင့် ရေနံ အပါအဝင် အခြားသော အဏ္ဏဝါ အရင်းအမြစ်များနှင့် ကျွန်းများနှင့် ပတ်သက်ပြီး အခြားသော သက်ဆိုင်ရာနိုင်ငံများ၏ ရပိုင်ခွင့် တောင်းဆိုမှုများကိုလည်း တရုတ်က လက်ခံရန် ငြင်းဆိုခဲ့ကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly