တရုတ်၏ ပေါင်းစည်းရေး ကြိုးပမ်းမှုများကို ထိုင်ဝမ်ပြည်သူ ၉၀ ရာခိုင်နှုန်း ပယ်ချ

တရုတ်၏ ပေါင်းစည်းရေး ကြိုးပမ်းမှုများကို ထိုင်ဝမ်ပြည်သူ ၉၀ ရာခိုင်နှုန်း ပယ်ချ

ရုရှား-ယူကရိန်း အကျပ်အတည်းဖြစ်ပေါ်နေချိန်တွင် ထိုင်ဝမ်ပြည်သူ ၉၀ ရာခိုင်နှုန်းခန့်က ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ဟူသော တရုတ်၏ ဆက်လက်ပြောဆိုချက်များကို ပယ်ချခဲ့ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုင်ဝမ်၏ နိုင်ငံတကာဆက်ဆံရေးကို ကန့်သတ်ကာ စစ်အင် အားဖြင့် ခြိမ်းခြောက်ပြီး တရုတ်က ပိုင်ဆိုင်ကြောင်းဆက်လက်တောင်းဆိုမှုကို ပြည်သူ ၉၀ ရာခိုင်နှုန်းခန့်က ပယ်ချခဲ့ကြောင်း Taiwan News သတင်းက Radio Taiwan International (RTI) ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ကာကွယ်ရေးအတွက် အခြားဒီမိုကရေစီနိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် အစိုးရ၏ ဆောင်ရွက်မှုကို ၈၈ ဒသမ ၆ ရာခိုင်နှုန်းက ထောက်ခံကြောင်း စစ်တမ်းတွင် တွေ့ရှိခဲ့သည်။

အဆင့်မြင့်နည်းပညာကျွမ်းကျင်သူများကို တရုတ်တွင် အလုပ်လုပ်ရန် ဆွဲဆောင်ခြင်းမှ တားဆီးရန် ဥပဒေ ပြုရေး ကြိုးပမ်းမှုများကို ၇၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သဘောထားစစ်တမ်းရလဒ်များအရ ထိုင်ဝမ်နိုင်ငံသား ၇၄ ဒသမ ၆ ရာခိုင်နှုန်းက ထိုင်ဝမ်အစိုးရအပေါ် တရုတ် က ရန်လိုသည်ဟု အကဲဖြတ်ခဲ့ပြီး ၅၉ ဒသမ ၃ ရာခိုင်နှုန်းက ထိုင်ဝမ်ပြည်သူများအပေါ် မဖော်ရွေသော သဘောထားကို ပြသခဲ့သည်ဟု ဆိုသည်။

ထိုင်ဝမ်၏ အနာဂတ်နှင့် တရုတ်နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်ဝမ်လူဦးရေ ၂၃ သန်းက ဆုံးဖြတ်ချက် ချမှတ်သင့်ကြောင်း အစိုးရ၏ ရပ်တည်ချက်ကို ၈၀ ရာခိုင်နှုန်းကျော်က အတည်ပြုခဲ့သည်။

ထို့ပြင် တရုတ်က ၂၀၂၀ပြည့်နှစ်တွင် အမျိုးသားလုံခြုံရေးဥပဒေကို အတည်ပြုပြီးနောက်ပိုင်း ဟောင်ကောင်၏ အခြေအနေနှင့် ပတ်သက်၍ ထိုင်ဝမ်က အလွန်အမင်းစိုးရိမ်နေသည်။

ဟောင်ကောင်၏ ကွယ်ပျောက်သွားသော ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးက "တစ်နိုင်ငံ၊ စနစ်နှစ်မျိုး" သည် မုသားဖြစ်ကြောင်း သက်သေပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly