ယူကရိန်းနိုင်ငံ ဘူချာမြို့၌ အရပ်သားများ သေဆုံးမှုကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တောင်းဆို 

ယူကရိန်းနိုင်ငံ ဘူချာမြို့၌ အရပ်သားများ သေဆုံးမှုကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တောင်းဆို 

ဧပြီ ၄

ယူကရိန်းနိုင်ငံ ဘူချာမြို့၌ သေဆုံးနေသည့် အရပ်သားများ၏ ပုံရိပ်များကြောင့် “အလွန် တုန်လှုပ်ချောက်ချားရသည်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က တနင်္ဂနွေနေ့တွင် ပြောပြီး ယင်းကို “ထိရောက်သော တာဝန်ခံမှုဆီ ဦးတည်စေမည့်” လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ 

ကိယက်ဗ်မြို့တော်အနီးက ဘူချာမြို့မှ တပ်ရုပ်သိမ်းချိန် ရုရှတပ်များသည် အရပ်သား ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များနှင့် တာဝန်ရှိသူများက ပြောပြီးနောက်တစ်ရက်၌ တွစ်တာတွင် ဂူတာရပ်စ်က မှတ်ချက်ချရေးသားခြင်းပဲ ဖြစ်သည်။ 

“ယူကရိန်း၊ ဘူချာမြို့မှာ အသတ်ခံရတဲ့ အရပ်သားတွေရဲ့ ပုံရိပ်တွေကြောင့် ကျွန်တော် အလွန်အမင်း တုန်လှုပ်ချောက်ချားရတယ်”ဟု ဂူတာရပ်စ်က ပြောကာ စိတ်ဆိုးဒေါသထွက်ကြောင်း ဖော်ပြကြသည့် အနောက်တာဝန်ရှိသူများနှင့်အတူ ရပ်တည်သည်။ 

“ထိရောက်တဲ့ တာဝန်ခံမှုဆီ ဦးတည်စေမယ့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် မုချလိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ဘူချာတွင် အရပ်သားများအား ရုရှတပ်များက သတ်ဖြတ်သည်ဆိုခြင်းကို ရုရှကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်ပြီး ရုပ်အလောင်း ဗီဒီယိုများနှင့် ဓာတ်ပုံများသည် ယူကရိန်းအစိုးရ၏ “နောက်ထပ် ထိုးဆွမှု” ပဲဖြစ်သည်ဟု ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required