တရုတ် အုပ်ချုပ်မှုအောက် ရောက်ပြီးနောက် ဟောင်ကောင်တွင် သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ

တရုတ် အုပ်ချုပ်မှုအောက် ရောက်ပြီးနောက် ဟောင်ကောင်တွင် သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ

ဟောင်ကောင်တွင် မီဒီယာအပေါ် လူထုကျေနပ်မှုအဆင့်မှာ အောက်ဆုံးအမှတ်အထိ ကျဆင်းသွားကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းတစ်ခုအရ တွေ့ရှိရသည်။ ဟောင်ကောင် ပြည်သူ့အင်စတီကျု သုတေသနဌာန (PORI) က ကန်တုံစကားပြော အရွယ်ရောက်ပြီးသူ ၁၀၀၄ ဦးနှင့်ပြုလုပ်သော စစ်တမ်းတစ်ခုအရ ယေဘုယျအားဖြင့် သတင်းမီဒီယာများ၏ စွမ်းဆောင်ရည် အပေါ် ကျေနပ်အားရမှုသည် ၁၉၉၃ ခုနှစ်မှ စတင်ခဲ့သော မှတ်တမ်းများနောက်ပိုင်း ကျဆင်းသွားခဲ့ကြောင်း တွေ့ရသည်။

ဟောင်ကောင်၌ သတင်းလွတ်လပ်ခွင့်အပေါ် ကျေနပ်မှုမှာ ၂၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်အုပ်ချုပ်မှုလက်အောက်သို့ လွှဲပြောင်းပေးပြီးနောက် မှတ်တမ်းများအရ အနိမ့်ဆုံးအမှတ်ဖြစ်ကြောင်း PORI က ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖြေဆိုသူ ၂၈ ရာခိုင်နှုန်းက ဟောင်ကောင်၏ သတင်းလွတ်လပ်ခွင့်အဆင့်ကို ကျေနပ်မှုရှိကြောင်း နှင့် ၅၁ ရာခိုင်နှုန်းက မကျေနပ်ကြောင်း ဖြေဆိုခဲ့ကြသည်။

အကြီးတန်း သတင်းထောက် ခရစ်ယန်းက အဆိုပါ ကိန်းဂဏန်းများသည် CCP ၏ ပြင်းထန်လွန်းသော အမျိုးသားလုံခြုံရေးဥပဒေအရသဘောထားကွဲလွဲသူများနှင့် နိုင်ငံရေး အတိုက်အခံများကို ဖြိုခွင်းမှု၏ ရလဒ်များဖြစ်ကြောင်းပြောသည်။ အဆိုပါဥပဒေကြောင့် ဒီမိုကရေစီလိုလားသော သတင်းဌာနအများအပြား ပိတ်သိမ်းခဲ့ရပြီး အကြီးတန်းသတင်းထောက်များဖမ်းဆီးခံခဲ့ရသည်ဟု ခရစ်ယန်းကဆိုသည်။

စစ်တမ်းရလဒ်များသည် Apple Daily သတင်းစာနှင့် Stand News အပါအဝင် ဒီမိုကရေစီလိုလားသော မီဒီယာအများအပြားကို ပိတ်ပစ်ခြင်းနှင့် အပြည့်အဝဆက်စပ်မှုရှိကြောင်းယန်းက ဆိုသည်။

မတူကွဲပြားသောမီဒီယာအသံများသည် သတင်းလွတ်လပ်ခွင့်အတွက် အလွန်အရေးကြီးသော အရာဖြစ်ကြောင်းနှင့် ယခုအခါ ဟောင်ကောင်မီဒီယာများတွင် အစိုးရလိုလားသောအသံများအတွက်သာ နေရာလွတ်ရှိကြောင်း ယန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly