ဖေ့စ်ဘုတ် ချစ်တဲ့ မြန်မာ့ တောင်သူဦးကြီးများ (ဒုတိယပိုင်း)

ဖေ့စ်ဘုတ် ချစ်တဲ့ မြန်မာ့ တောင်သူဦးကြီးများ (ဒုတိယပိုင်း)

အသက် သုံးဆယ့်ငါးနှစ်သာရှိသေးသည့် လယ်ဧက ၁၄ ဧက ပိုင်သူဖြစ်သည်။ နွေစပါးရော ဆောင်းစပါးပါ စိုက်ပျိုးသည့် လယ်သမားဦးကြီးက လေးတန်းအထိသာ ကျောင်းနေဖူးသည်။ သပ်သပ် ဆောက်ထားသည့် ဝါးအိမ်တွင် နေထိုင်နေပြီး ကလေးသုံးဦးရှိထားသူဖြစ်သည်။

သူ့အကြောင်း အမွှမ်းတင်မပြောလိုသောလည်း လယ်မြေများကို ချစ်မြတ်နိုးပြီး စပါးခင်များကို မြတ်နိုးသည့် သူက ကျွန်တော်တို့ တွေ့ဆုံခဲ့သည့် လယ်သမားတစ်ဦးကဲ့သို့ မဟုတ်ပေ။ ထိုလယ်သမားမှာ လယ်စိုက်ရသည့် ဘဝကို မနှစ်သက်ပဲ ကံပစ်ချ၍ လုပ်ကိုင်နေရခြင်းဖြစ်သည်ဟု ဆိုခဲ့သူဖြစ်သည်။ ယခုလယ်သမားကတော့ သူ့၏ လယ်သမားဘဝကို တန်ဖိုးထားသည်ဟု ဆိုပါသည်။

သူ့၏ ရွာမှာ ယခုအထိ လျှပ်စစ်မီးမရသေးပါ။ အလှုငွေများ ထည့်ဝင်ထားပါသော်လည်း ဓာတ်တိုင်များသာ စိုက်ထူထားပြီး မီးကြိုးများ သွယ်တန်းလာခြင်း မရှိသေးသည့် ရွာဖြစ်သည်။  ဘယ်ကနေ ဓာတ်အားသွင်း သလဲဟု မေးကြည့်သည့်အခါ တဲထောင့်က ကားဘတ္တရီကို လက်ညိုးထိုးပြသည်။ ဘတ္တရီအိုးကနေ သွယ်လို့ရသည့် ကြိုးဖြင့် အားသွင်းရခြင်းဖြစ်သည်ဟု ၎င်းက ပြောပါသည်။

ဖုန်းအက်ပရီကေးရှင်းများအကြောင်း မေးကြည့်သည်။ လယ်သမားကြီးက ဗိုက်ဘာနှင့် ဖေ့ဘုတ်ကို သုံးသည်ဆို၏။ ဖေ့ဘုတ်ပေါ်တွင် သူငယ်ချင်းအနည်းငယ်နှင့် ချက်တင်ထိုင်ကြောင်း သူက ပြောသည်။ အများစုက သူမသိသူများနှင့် ချက်ခြင်းဖြစ်ပြီး ဖေ့ဘုတ်သူငယ်ချင်းများစွာက အပြင်တွင် မသိကျွမ်း သူများဖြစ်သည်ဟု ပြောသည်။

ညီဖြစ်သူက ဖေ့ဘုတ်အက်ကို သူအတွက် ဒေါင်းလုဒ်လုပ်ပေးပြီး အကောင့်ဖွင့်ပေးခြင်းဖြစ်သည်။ အီးမေးလ်သုံးတာနှင့် ပတ်သက်၍ သူက လုံးလုံး မသိပါ။ ဖေ့ဘုတ်ကနေ သတင်းများကို သိရကြောင်းပြောသည်။ ရွေးကောက်ပွဲအကြောင်းကို စိတ်ဝင်စားပြီး နိုင်ငံရေးသတင်းများ အချိန်နှင့်အညီ သိရခြင်းကို နှစ်သက်နေခြင်းဖြစ်သည်။ တက်တက်ကြွကြွ သုံးစွဲသူတစ်ဦးဖြစ်သော်လည်း ငွေရေးကြေးအတွက်တော့ စိုးရိမ်နေတာလည်း ရှိသည်။

သတင်းများ သိရန်အတွက် ရေဒီယိုနားထောင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ဖေ့ဘုတ်ပေါ်သို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။ အခြားသော အက်ပရီကေးရှင်းအနေဖြင့် သတင်းအက်တစ်ခုဖြစ်သည့် TZ ကိုလည်း သူက သဘောကျသည်။ ဖေ့ဘုတ်ကို သူက ညပိုင်းအချိန်များတွင် အများဆုံး သုံးနေခြင်းဖြစ်သည်။ လိုင်းကောင်းပြီး ဈေးလျှော့ပေးရ၍ ဖြစ်သည်။ ညပိုင်းသုံးလျှင် 1MB သာ ကျပြီး နေ့ပိုင်းများတွင် ခြောက်ကျပ် ကျသင့်သည်။

သုံးစွဲနေသည့် သူ၏ ဖုန်းမှာလည်း အတော်ဟောင်းနေပြီဖြစ်သည်။ တစ်ပတ်နွမ်းကို ဝယ်ပြီး သုံးနေခြင်းဖြစ်သည်။ စက္ကရင်ကလည်း ခြစ်ရာ စင်းရာများဖြင့် ထင်နေပြီဖြစ်သော်လည်း အားလုံးသုံး၍ ရနေဆဲဖြစ်သည်။ စမတ်ဖုန်း နည်းပညာများအနေဖြင့် ရေရှည်ခိုင်ခံသည့် ဖုန်းများကို ထုတ်လုပ်သင့်ကြောင်း ကျွန်တော်ပင် စဉ်းစားမိလာပါတော့သည်။

 

မိုဘိုင်းဖုန်းဆိုင်အဝင်

ကျွန်တော်တို့အဖွဲ့က ဖုန်းဆိုင်များကိုလည်း တွေ့ဆုံဗျူးပါသည်။ ပထမဆုံး ဆိုင်ရှင်က လယ်မြေ မပိုင်သူတစ်ဦးဖြစ်သည့် အသက် ၂၀ ကျော်သာရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။ အကြောင်းအရာကို ချင်ခြင်းတပ်နေသည့် ကျွန်တော်တို့အဖွဲ့အနေဖြင့် လယ်သမားများထံ ဖုန်းရောင်းချခြင်းများ ဈေးကွက်ကို မေးမြန်းဖြစ်သည်။

ကျောက်ဆည်မြို့က ဖုန်းဆိုင်သို့ ကျွန်တော်တို့ အဖွဲ့ရောက်ခဲ့သည်။ မန္တလေးခရိုင်တွင်းရှိသည့် ကျောက်ဆည်မြို့က အခရာကျရာမြို့တစ်မြို့ဖြစ်သည်။ လူဦးရေအားဖြင့် ခုနစ်သိန်းနီးပါးရှိပြီး ဖုန်းစတီဒီယိုများ၊ မိုဘိုင်းဖုန်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများဖြင့် စည်ကားသည်။ အရှေ့တောင်အာရှ၏ ဖုန်ထူရာ၊ လူစည်ကားရာ၊ ပျားပန်းခတ်ရာ မြို့တစ်မြို့ဖြစ်သည်။ ကျွန်တော်တို့ ရွေးချယ်လိုက်ရာ ယာယီ စတီဒီယိုက မြို့တွင်းမှာပင်ရှိသော်လည်း ကျွန်တော်တို့ အားလုံးက အပြုံးမျက်နှာများဖြင့်ရှိနေသည်။

ပတ်ဝန်းကျင်တွင်လည်း လက်ဖက်ရည်ဆိုင်များ၊ လူသွားလူလာများသည့် လမ်းများဖြင့် ရှိနေသည်။ ဈေးဆိုင်များနှင့် မုန့်ဆိုင်များလည်း ရှိထားသည်။ အများဆုံးရောင်းနေသည်မှာ တစ်ပတ်ရစ်ဖုန်းများသာ ဖြစ်သည်။

ကျွန်တော်တို့က ဆိုင်ပိုင်ရှင်ထံသို့ ချဉ်းကပ်ခဲ့ပါသည်။ ကျွန်တော်တို့ရဲ့ လာရင်းကို သူက မသိထားပါ။ သူက လယ်အလုပ် တစ်ခါမှ မလုပ်ဖူးပေ။ ကျွန်တော်တို့နှင့်အတူ ကော်ဖီသောက် စကားပြောဆိုဖို့ သဘောတူသည်။ ကျွန်တော်တို့ လမ်းဖြတ်ကူးလာကြကာ ကော်ဖီဆိုင်သို့ သွားကြသည်။ ညအမှောင်ထဲက ကော်ဖီဆိုင်တွင် မီးလင်းပျပျ လင်းလျက်ရှိသည်။ ဆိုင်ထောင့်တွင် စားပွဲထိုးလေးနှစ်ဦးက အရိပ်အကွယ်တွင် ရပ်နေကြသည်။ ကော်ဖီမှာယူကာ ကျွန်တော်တို့ ထိုင်ပါသည်။ အခုကော်ဖီဆိုင်ဇာတ်လမ်း ဘယ်လိုဆုံးမလဲ။ ကော်ဖီညံ့ညံ့နဲ့ အခန်းကျဉ်းလေးပါလား။ စဉ်းစားရင်းက Studio D တည်ထောင်သူ Jan Chipchase ကို သတိရမိသွားသည်။ အဆင်မပြေမှုတွေ ကြုံတွေ့ရရင် အလုပ်ရဲ့ လမ်းစပေါ်ရောက်နေတာပဲဟု Jan က ပြောခဲ့ဖူးပါသည်။

မိုဘိုင်းဆိုင်ပိုင်ရှင်က အသက် ၂၅ နှစ်သာ ရှိနေသည်။ ကျွန်တော်တို့ ခရီး သီတင်းပတ်ခြောက်ပတ်အတွင်း ပထမဆုံးအဖြစ် အိုင်ဖုန်း ကိုင်ဆောင်ထားသူအဖြစ် တွေ့ရခြင်းပဲဖြစ်သည်။ ကျွန်တော်၏ မေးခွန်းများကို အဖွဲ့က လူများက ဘာသာပြန်ပေးကြသည်။

 

ပထမပိုင်းကို ဤနေရာတွင် ဖတ်နိုင်ပါသည် - http://mizzimaburmese.com/article/10263

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags