ဖားကန့်မြို့နယ် လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲ

ဖားကန့်မြို့နယ် လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲ

ဧပြီလ ၂ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လျှပ်စစ်ရုံး အတွင်း ဧပြီလ ၁ ရက် ည ၇ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ပြီး ည ၇ နာရီခွဲခန့်တွင် ယူမာ လျှပ်စစ်ရုံးရှေ့၌ ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။ 

ဖားကန့်မြို့နယ်တွင် စစ်အာဏာသိမ်းမှု နောက်ပိုင်း မီတာဖတ်ခြင်း မီတာခ ကောက်ခံခြင်း မရှိရာက ယခု  မတ်လလယ်ခန့်မှ စတင်ကာ အတင်းအကျပ် လိုက်လံ ကောက်ခံနေပြီး မီတာခ လာမဆောင်ပါက မီးဖြတ်  မည်ဟု လိုက်လံ ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

“ဆိုင်ထဲကို လူတစ်ယောက် ဝင်လာပြီး မီတာရုံးမှာ မီတာ လာဆောင်ပါ မဆောင်လျှင် မီးဖြတ်မယ်လို့ ပြောပြီး ဆိုင်ထဲ ကနေ ပြန်ပြေးထွက် သွားတာ၊ မီတာစာရွက်လည်း မပေးသွားဘူး၊ ကျွန်တော်တို့လည်း ညအချိန် မီးလာဖြတ်မှာ ကြောက်လို့ မီတာရုံးမှာ မီတာသွား ဆောင်တော့ ငါးလစာ တောင်း တယ်၊ ပိုက်ဆံ မပါလာလို့ နှစ်လစာပဲ ဆောင်မယ်လို့ ပြောခဲ့ရတယ်၊ မီးဖြတ်ခံရရင် ဆီဈေး တက်လို့ မီးစက် နှိုးရင် တစ်ရက် ဆီဖိုးတောင် ၅၀,၀၀၀ လောက် ကျမှာ ဆိုတော့ မဆောင်ချင်လည်း ဆောင်လိုက်ရတယ် “ ဟု ဖားကန့် မြို့ရှိ ဆိုင်ပိုင်ရှင်က ပြောဆိုသည်။ 

ဖားကန့်မြို့နယ်တွင် မီတာခ အတင်းအကျပ် ကောက်ခြင်း မီတာ မဆောင်လျှင် ဖမ်းဆီးခြင်း မပြု လုပ်ရန် KIA က သတိပေးထား သောကြောင့် စစ်အာဏာသိမ်း ကာလ တစ်နှစ်ကျော် အထိ ကောက်ခံခြင်း မရှိဘဲ ယခုရက်ပိုင်း အထက်က ဖိအားပေးခြင်းကြောင့် အတင်းအကျပ် ကောက်ခံနေကြောင်း သိရသည်။

ယခု ရက်ပိုင်း အတွင်း ဖားကန့် မြို့မ ရဲစခန်းနှင့် စည်ပင်ရုံးများ ဗုံးဖြင့် တိုက်ခိုက်ခံ ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required