အိန္ဒိယ၏ အိမ်နီးချင်း ဦးစားပေးမူဝါဒကို မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး ကြိုဆို

အိန္ဒိယ၏ အိမ်နီးချင်း ဦးစားပေးမူဝါဒကို မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး ကြိုဆို

အိန္ဒိယနိုင်ငံ၏ ‘အိမ်နီးချင်း ဦးစားပေးမူဝါဒ’ ကို မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရှာဟစ်က ကြိုဆိုလိုက်သည်။

အဆိုပါ မူဝါဒအရ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အိန္ဒိယအစိုးရ၏ အကူအညီပေးခြင်း အပါအဝင် နှစ်နို်ငငံစလုံးအနေဖြင့် လူမှု-စီးပွား အကျိုးစီးပွား များစွာ ရရှိခဲ့သည်။

မော်လ်ဒိုက်နိုင်ငံနှင့်အတူ ခိုင်မာစွာ ရပ်တည်ပေးနေခြင်းနှင့် လွန်ခဲ့သော နှစ်များအတွင်း မိတ်ဆွေနှင့် မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခြင်းတို့ကြောင့် ကျေးဇူးတင်ကြောင်းလည်း ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ သဘာပတိလည်း ဖြစ်သူ ရှာဟစ်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့လည်း ‘အိန္ဒိယ ပထမ မူဝါဒ’ ကို ဆက်လက် ဆုပ်ကိုင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အချိန်နဲ့အမျှ စမ်းသပ်ခံနိုင်ခဲ့ပြီး ဆက်လက်တိုးတက်သွားမှာပါ” ဟု မောလ်ဒိုက် နိုင်ငံခြားရေးဝန်ကြီးက တွစ်တာတွင် ရေးသားထားသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတစ်လျှောက်မှာ အကူအညီပေးခဲ့တဲ့အတွက် အိန္ဒိယကို ကျေးဇူးတင်ပါတယ်။ လိုအပ်ချိန်တွေမှာ အားကိုးရတဲ့အိနိ္ဒိယကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးက

ကပ်ရောဂါကြောင့် အခက်အခဲတွေ၊ ကြေကွဲစရာတွေကို ကြုံတွေ့ခဲ့ရပေမယ့် အတူတကွပဲ အင်အားကောင်းမွန် လာခဲ့ကြပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

အိန္ဒိယနို်ငငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက မော်လ်ဒိုက် နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ မတ် ၂၆ နှင့် ၂၇ ရက်တို့တွင် အဆိုပါ နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ၏ အိမ်နီးချင်း ပထမဦးစားပေး မူဝါဒသည် အိန္ဒိယနိုင်ငံခြားရေးမူဝါဒ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ငြိမ်းချမ်းသည့် ဆက်ဆံရေးနှင့် အိမ်နီးချင်း တောင်အာရှနိုင်ငံများနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required