အမြောက်အမြားဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကြောင့် ကင်ညာ ပြည်တွင်းလုပ်ငန်းများ အခက်တွေ့

အမြောက်အမြားဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကြောင့် ကင်ညာ ပြည်တွင်းလုပ်ငန်းများ အခက်တွေ့

ကင်ညာနိုင်ငံသို့ စျေးပေါသော တရုတ်ကုန်ပစ္စည်းများ အမြောက်အမြား ဝင်ရောက်လာမှုကြောင့် ကင်ညာ လက်မှုပညာရှင်အများအပြား၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် လက်လုပ် မီးဖိုချောင်သုံး ပစ္စည်းများမှရသော ဝင်ငွေများ ဆုံးရှုံးလျက်ရှိကာ နိုင်ငံသည် မရေရာသောအနာဂတ်နှင့် ရင်ဆိုင်နေရသည်။

မီးသွေးမီးဖိုများနှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများသည် ဈေးပေါသော တရုတ်သွင်းကုန်များ၏ နောက်ဆုံးသားကောင်များဖြစ်ကြောင်း HK Post က ဖော်ပြသည်။

Jua Kali Associations ကင်ညာအမျိုးသားအဖွဲ့ချုပ်က တရုတ်၏ ဈေးပေါသော လူသုံးကုန်ပစ္စည်းများသည် ဒေသတွင်း ရိုးရာလက်လုပ်ထုတ်ကုန်များ၏ ဒေသစျေးကွက်ကို ပျက်စီးစေခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်။

ကင်ညာသည် ၂၀၂၁ ခုနှစ်တွင် တရုတ်မှ သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံသုံးစွဲခဲ့ပြီး ယင်းနိုင်ငံမှရရှိသော ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသာ ရှိသည်။ ကုန်သွယ်ရေးချိန်ခွင်လျှာသည် တရုတ်ဘက်ကို အလေးသာနေသည်။ ထို့အပြင် ကင်ညာသည် တရုတ်နိုင်ငံသို့ ကင်ညာသျှီလင်၁၀၇ ဒသမ ၅ ဘီလီယံကို အကြွေးတင်ကြောင်း HK Post က ဖော်ပြခဲ့သည်။

ကင်ညာသို့ တရုတ်ပို့ကုန်တန်ဖိုးသည် တရုတ်အကောက်ခွန်ဌာနစာရင်းအရ၂၀၂၁ ခုနှစ်တွင် သျှီလင် ၇၃၈ ဒသမ ၉ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၃ ဘီလီယံ) ခန့်ရှိကြောင်း ခန့်မှန်းခဲ့သော်လည်း ကင်ညာနိုင်ငံ့စာရင်းအင်း ဗျူရိုအရ သျှီလင် ၄၄၁ ဒသမ ၅ ဘီလီယံသာရှိသဖြင့် သျှီလင် ၂၉၇ ဒသမ ၄တန်ဖိုးရှိ တရုတ်ပစ္စည်းများမှာ အခွန်ရှောင်ကြောင်း တွေ့ရှိထားသည်။

တရုတ်စီမံကိန်းများသည်လည်း ကင်ညာအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ ကင်ညာ၏ Standard Gauge Railway (SGR) မီးရထား စီမံကိန်းသည် တရုတ်မိတ်ဖက်များကို လွန်စွာ မျက်နှာသာပေးထားသည်။SGR စီမံကိန်းတည်ဆောက်မှု ပထမအဆင့်အတွက် ချေးငွေကိုလည်း အတိုးနှုန်းမြင့်မားစွာဖြင့် အချိန်တိုအတွင်းပြန်ဆပ်ရန် တရုတ်က ထုတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly