ကိုဗစ်လုံးဝကင်းစင်ရေးမူကို မကျေပ်နပ်ကြောင်း တရုတ်နိုင်ငံသားများက လူမှုမီဒီယာများတွင် ဖော်ပြ

ကိုဗစ်လုံးဝကင်းစင်ရေးမူကို မကျေပ်နပ်ကြောင်း တရုတ်နိုင်ငံသားများက လူမှုမီဒီယာများတွင် ဖော်ပြ

အာဏာပိုင်များ၏ ပြင်းထန်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအတွက် တင်းကြပ်သော အစီအမံများအပေါ် မကျေမနပ်များကြီးထွားလာနေချိန်တွင် တရုတ်လူထုက ၎င်းတို့၏ စိတ်ပျက်မှုနှင့် မကျေနပ်မှုများကို လူမှု မီဒီယာပလက်ဖောင်းများပေါ်တွင် ပြောလာကြသည်။

အသွားအလာပိတ်ဆို့မှုအပြည့်အဝချမှတ်ခြင်းနှင့်မကြာခဏနှင့် ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်မှုများကဲ့သို့သော အလွန်အကျွံဆောင်ရွက်မှုများသည်ငွေကြေး/စီးပွားရေးဆုံးရှုံးခြင်းအပါအဝင် ဒုက္ခအကြီးအကျယ်ရောက်စေသည်ဟု အင်တာနက်သုံးစွဲသူများက ညည်းညူနေကြကြောင်း မူဝါဒ သုတေသနအဖွဲ့က(POREG) ပြောသည်။

လူမှုဖူလုံရေးအာမခံ၊ကျောင်းပညာရေးနှင့်အလုပ်အကိုင်တို့ကိုငြင်းဆိုထားသည့်ဒေသဆိုင်ရာအာဏာပိုင်များကထုတ်ပြန်သည့်ဖြန့်ဝေစာကိုတရုတ်အင်တာနက်သုံးစွဲသူများကဝေဖန်ခဲ့ကြသလိုကိုရိုနာဗိုင်းရပ်စည်းမျဉ်းများကို ချိုးဖောက်သည့်အတွက် ဒဏ်ငွေယွမ်၂၀၀မှ၁၀၀၀အထိချမှတ်ခြင်းနှင့် ၅ရက်မှ၁၀ရက်အထိ အကျဉ်းချခြင်းများကိုအပြစ်တင်ခဲ့ကြသည်။

အလုံးစုံအသွားအလာပိတ်ဆို့မှု၏ စီးပွားရေးကုန်ကျစရိတ်ကို သာမန်ပြည်သူများကြုံတွေ့နေရသောကြောင့် အစိုးရအနေဖြင့် တင်းကျပ်သောအစီအမံများကို ဖြေလျှော့ပေးသင့်ကြောင်း လူမှုမီဒီယာပေါ်၌ခံစားချက်များ ရင်ဖွင့်ခဲ့ကြသည်။

တရုတ်နိုင်ငံရှိပြည်နယ်နှင့်မြို့ကြီး၂၀ကျော်တွင်ခရီးသွားလာခွင့်ပိတ်ပင်မှုနှင့်အသွားအလာပိတ်ဆို့မှုများချမှတ်ထားသောကြောင့်တရုတ်တွင်ကိုဗစ်-၁၉ကူးစက်ရောဂါအခြေအနေသည်ဆက်လက်ဆိုးရွားလျက်ရှိသည်။

တရုတ်နိုင်ငံရှိဒေသန္တရအစိုးရများသည်အစိုးရ၏ပြင်းထန်လှသောကိုဗစ်လုံးဝကင်းစေင်ရေမဟာဗျူဟာကိုဖြည့် ဆည်းရန်ကြီးထွားလာသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကို ရင်ဆိုင်နေရသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြောင်း POREG ကဆိုသည်။

တရုတ်နိုင်ငံသည်နှစ်နှစ်အတွင်းအဆိုးရွားဆုံးဗိုင်းရပ်စ်ကူးစက်မှုကိုရင်ဆိုင်နေရပြီးနည်းပညာအချက်အချာရှန်ကျန်းအပါအဝင်မြို့ကြီးများစွာတွင်စီးပွားရေးတည်ငြိမ်မှုနှင့်ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကိုလှုပ်ခတ်သွားစေသောခရီးသွားလာခွင့်တားမြစ်ခြင်းနှင့်အသွားအလာပိတ်ဆို့ခြင်းများကိုချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required