ပါကစ္စတန်၏ ဝင်ငွေခွန်ဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရေး IMF တိုက်တွန်း

ပါကစ္စတန်၏ ဝင်ငွေခွန်ဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရေး IMF တိုက်တွန်း

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေး ကျဆင်းမှု ဆက်လက် ဖြစ်ပေါ်နေစဉ် ယင်းနိုင်ငံ၌ တစ်ဦးကျ ဝင်ငွေခွန် ဆိုင်ရာ အပြောင်းအလဲများ လုပ်ဆောင်ရေး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထပ်လောင်းပြောဆိုခဲ့သည်။

IMF ၏ အမှုထမ်း မစ်ရှင်အဖွဲ့တစ်ခုက ပြီးခဲ့သည့်အပတ်တွင် အခွန်အရာရှိများနှင့် ပထမအကျော့ ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ပြီး အများဆုံးသော အခွန်ဘဏ္ဍာငွေများ ကောက်ခံနိုင်ရေးအတွက် တစ်ဦးချင်းစီ၏ ဝင်ငွေခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးကိစ္စကို တင်ပြဆွေးနွေးခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ယမန်နှစ်က IMF ၏ အလားတူ တူညီသည့် တောင်းဆိုချက်ကို ပါကစ္စတန်အာဏာရအစိုးရက လက်မခံခဲ့ပေ။

ယင်းတောင်းဆိုချက်များသည် IMF ၏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရှိ ထပ်တိုးငွေကြေးပံ့ပိုးမှုအစီအစဉ် (EFF) ၏ ၇ ကြိမ်မြောက် လေ့လာသုံးသပ်မှု၏ တစိတ်တဒေသလည်းဖြစ်သည်။

၆ ကြိမ်မြောက် ပြန်လည်သုံးသပ်မှုအပြီး အစိုးရက ရူပီး ၃၄၃ ဘီလီယံ တန်ဖိုးရှိ အခွန် ကင်းလွတ်ခွင့်များကို ရုပ်သိမ်းခဲ့ပြီး ယင်းသည် IMF ၏ တောင်းဆိုချက်ဖြစ်သည့် ပါကစ္စတန် ရူပီး ၇၀၀ ဘီလီယံနှင့် ဆန့်ကျင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required