Tesla လျှပ်စစ်ကားကုမ္ပဏီက ရှန်ဟိုင်းစက်ရုံကို ဆက်လက် ရပ်ဆိုင်းထား

Tesla လျှပ်စစ်ကားကုမ္ပဏီက ရှန်ဟိုင်းစက်ရုံကို ဆက်လက် ရပ်ဆိုင်းထား

အမေရိကန်နိုင်ငံအခြေစိုက် Tesla (TSLA.O) လျှပ်စစ်ကား ကုမ္ပဏီက ရှန်ဟိုင်း စက်ရုံအား ဧပြီ ၁ရက်နှင့် ၂ရက်တွင် ထုတ်လုပ်မှု ပြန်လည်စတင်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဌာနတွင်း အသိပေးကြေညာချက်ကို ရိုက်တာသတင်းဌာနက တွေ့ရှိခဲ့ရသည်။

ရှန်ဟိုင်းမြို့၏ ဟွမ်ပုမြစ်အရှေ့ဘက်ရှိ ပဒုံခရိုင်တွင် တည်ရှိသော ရှန်ဟိုင်းစက်ရုံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်လာမှုကို တိုက်ဖျက်ရန် ရှန်ဟိုင်းတွင် အဆင့် ၂ ဆင့်ရှိ ပိတ်ဆို့ကန့်သတ်ချက်များကို ဖော်ဆောင်ပြီးနောက် မတ်လ ၂၈ရက်မှ ၃၁ရက်အထိ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။

မြစ်အရှေ့ဘက်ရှိ ခရိုင်များကို ပိတ်ဆို့ကန့်သတ်ထားမှုအား ဧပြီလ ၁ ရက်အစောပိုင်းတွင် ရုပ်သိမ်းရန် စီစဉ် ထားသဖြင့် အဆိုပါ ကုမ္ပဏီက ယင်းနေ့တွင် ထုတ်လုပ်မှုကို ပြန်လည်စတင်ရန် စီစဉ်ခဲ့သည်။

သို့သော် ရိုက်တာက မြင်တွေ့ရသည့် နောက်ဆုံးဌာနတွင်းသတိပေးချက်တွင် ဧပြီလ ၁ ရက်နှင့် ၂ ရက်တို့တွင် ထုတ်လုပ်ရေးအစီအစဉ်များကို ဖျက်သိမ်းထားသည်။

တပ်ဆင်ထားသော လျှပ်စစ်ကားများကို ပဒုံခရိုင်အပြင်ဘက်မှ မြို့တော်အနောက်ပိုင်းသို့ ပို့ဆောင်ရန် Tesla သည် ယင်း၏ ထရပ်ကားများအတွက် ရှန်ဟိုင်းအစိုးရထံမှ ခွင့်ပြုချက်မရရှိသေးကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ ၂ ဦးက ပြောကြားသည်။

ရှန်ဟိုင်းအစိုးရသည် ဧပြီလ ၁ရက် နံနက်အစောပိုင်းမှစ၍ မြစ်အနောက်ဘက်ရှိ ဧရိယာများကို ပိတ်ဆို့ကန့် သတ်ရန် စီစဉ်ထားသည်။

ကုမ္ပဏီသည် လုပ်သားရှားပါးမှုကြောင့် စက်ရုံအား ရပ်တန့်ထားမှုကို ရက်တိုးရန် ရွေးချယ်ခဲ့ပြီး အချို့ သော အိမ်ရာဝန်းများတွင် ပိတ်ဆို့ခြင်းများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလိုအပ်ချက်များကို တင်းတင်းကျပ်ကျပ် အကောင် အထည်ဖော်ပြီး အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်ရေးမူဝါဒများအပေါ် အခြေခံ၍ ယင်း၏လုပ်ငန်းကို ချိန်ညှိမည်ဖြစ်ကြောင်း မတ်လ ၃၁ရက် အစောပိုင်းတွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly