သမ္မတဘိုင်ဒင်က ရုရှားကို ဂျီ-၂၀ မှ ထုတ်ပစ်ရန် မဖြစ်နိုင်

သမ္မတဘိုင်ဒင်က ရုရှားကို ဂျီ-၂၀ မှ ထုတ်ပစ်ရန် မဖြစ်နိုင်

ယူကရိန်းကို ကျူးကျော်မှုကြောင့် နိုဝင်ဘာလတွင် ကျင်းပမည့် အစည်းအဝေးတက်ရောက်ခြင်းကို တားမြစ်ရန် အမေရိကန်နှင့် အခြားနိုင်ငံများမှ တောင်းဆိုမှုများ ရှိနေသော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၂ခုနှစ်နှောင်းပိုင်းတွင် ဘာလီတွင်ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၎င်းအား ဖိတ်ကြားမှုကို ပယ်ဖျက်လိမ့်မည်မဟုတ်ပေ။

မတ်လ ၂၄ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားအား ကမ္ဘာ့ အဖွံ့ဖြိုး ဆုံးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့ပါဝင်သည့် အလွတ်သဘောအဖွဲ့ဖြစ်သည့် ဂျီ-၂၀ မှ ထုတ်ပစ်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း ရုရှားအား ချန်လှပ်ထားမှုသည် အခြား ဂျီ-၂၀ အဖွဲ့ဝင်များပေါ် တွင် မူတည်သည်ဟု မှတ်ချက်ပြုသော်လည်း ပူတင်ကို ရှင်းထုတ်ရန် မဖြစ်နိုင်ပေ။

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ပူတင်က ကျူးကျော်သိမ်းပိုက်ပြီးနောက် ဂျီ-၈ မှ အဖွဲ့ဝင်များက ရုရှားကို ယင်းတို့၏ အစည်းအဝေးများမှ ဖယ်ထုတ်ပြီး ဂျီ-၇ အဖြစ်သို့ ပြန်ဖွဲ့ရန် သဘောတူခဲ့ကြသည်။

ထိုစဉ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလော့ဗ်က ဂျီ-၂၀ သည် "မည်သည့် အဖွဲ့ဝင်ကိုမျှ သက်သေခံကဒ်များ ထုတ်ပေးမထားသဖြင့် မည်သူ့ကိုမျှ ထုတ်ပစ်ခွင့်မရှိ" ဟု ရုရှားကို ထုတ်ပစ်ခြင်း၏ အရေးပါပုံကို နှိမ့်ချ ပြောဆိုခဲ့သည်။

၂၀၁၄ခုနှစ် ဂျီ-၂၀ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် သြစတြေးလျက ယင်းနှစ်တွင် ကြီးကျယ် ထင်ရှား သည့် စီးပွားရေး ထိပ်သီးအစည်းအဝေးမှ ရုရှားအား ဖယ်ရှားရန် တွန်းအားပေးမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အခြား ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများမှ ရုရှားကို ဖယ်ထုတ်ရန် သဘောတူညီမှုမရှိသောကြောင့် အဆုံးတွင် ရုရှား ပါဝင်ခွင့်ရခဲ့သည်။

ယခုအချိန်တွင်လည်း ဂျီ-၂၀ အဖွဲ့ဝင်များကြားတွင် ပူတင်ကို တက်ရောက်ခွင့်ပြုသင့်မသင့် သို့မဟုတ် ဘိုင်ဒင် အကြံပြုထားသည့်အတိုင်း ယူကရိန်းကိုလည်း ဖိတ်ကြားသင့်သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သဘော ထားကွဲလွဲနေသည်။

ပူတင်၏ တည်ရှိမှုသည် ဥရောပအဖွဲ့ဝင်များအတွက် ပြဿနများစွာ ဖြစ်စေနိုင်ကြောင်း ဥရောပသမဂ္ဂ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသို့ ပြောကြားခဲ့သည်။

ဂျီ-၂၀ မှ ရုရှားကို ထုတ်ပယ်ရန် စဉ်းစားရန်နှင့် ပိုလန်ကို ရုရှား၏နေရာကို ရယူခွင့်ပြုရန် အမေရိကန်အား မတ်လ ၂၂ရက်တွင် ပိုလန်က တောင်းဆိုခဲ့သည်။

သို့သော် ဆုံးဖြတ်ချက်ကို အားလုံးက သဘောတူရန် လိုအပ်သဖြင့် ရုရှားကို ဂျီ-၂၀ မှ ထုတ်ပယ်ရန် မဖြစ်ပေ။

အဆိုပါကိစ္စရပ်သည် ဂျီ-၂၀ ၏ လက်ရှိဥက္ကဌနှင့် အောက်တိုဘာလတွင် ၂၀၂၂ခုနှစ် ထိပ်သီး အစည်းအဝေး၏ အိမ်ရှင်အဖြစ် ဘာလီတွင် လက်ခံ ကျင်းပနေသည့် အင်ဒိုနီးရှားသည်လည်း ဖိအားပေးဒဏ်ခံနေရသည်။

မတ်လ ၂၄ရက်တွင် အင်ဒိုနီးရှားက ဘက်မလိုက်ဘဲ ဆက်ရှိနေမည်ဟု ပြောကြားပြီး ဂျီ-၂၀ ထိပ်သီး အစည်း အဝေးသို့ ရုရှားကို ဖိတ်ကြားမည်ဟု အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly