တရုတ်က ယခုဆောင်းဦးရာသီ၌ ကျူးကျော်ဝင်ရောက်နိုင်ခြေသည်ဆိုသော သတင်းများကို ထိုင်ဝမ်ပယ်ချ

တရုတ်က ယခုဆောင်းဦးရာသီ၌ ကျူးကျော်ဝင်ရောက်နိုင်ခြေသည်ဆိုသော သတင်းများကို ထိုင်ဝမ်ပယ်ချ

တရုတ်က ယခုဆောင်းဦးရာသီတွင် ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်နိုင်ခြေရှိဟူသော သတင်းများကို ထိုင်ဝမ် ထောက်လှမ်းရေးက ပယ်ချလိုက်ပြီး စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသာဖြစ်ကြောင်း သတ်မှတ်ထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုဆောင်းဦးရာသီတွင် ထိုင်ဝမ်ကို ကျူးကျော်ရန် စဉ်းစားနေသည်ဟူသော ရုရှားထောက်လှမ်းရေးမှ ပေါက်ကြားလာသည့် စာရွက်စာတမ်းတစ်ခု ထွက်ပေါ်လာပြီးနောက် ယင်းပြောကြား ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

အစီရင်ခံစာများကို မဖြစ်နိုင်သောအရာ အဖြစ် ပယ်ချလိုက်ပြီး အမျိုးသားလုံခြုံရေးဗျူရို (NSB) ညွှန်ကြား ရေးမှူးချုပ် ချန်မင်းတုံက “ဒီပေါက်ကြားလာတယ်ဆိုတဲ့ စာရွက်စာတမ်းက ထိုင်ဝမ်ကို ပစ်မှတ်ထားတဲ့ စိတ်ဓာတ်စစ်ဆင်ရေး ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

အရှေ့အာရှတွင် ပထဝီနိုင်ငံရေး နောက်ဆုံးအခြေအနေများဖြစ်ပေါ်နေချိန်တွင် ထိုင်ဝမ်၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အရေးပေါ်အခြေအနေနှင့် ပတ်သက်ပြီး မတ်လ ၂၄ရက်တွင် ပြုလုပ်သည့် ဥပဒေပြု လွှတ်တော် ကြားနာမှုအတွင်း ချန်၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မီဒီယာများက ဆိုသည်။

တရုတ်သည် ယခုဆောင်းဦးရာသီတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ၂၀ ကြိမ်မြောက် အမျိုးသား ကွန် ဂရက်ကို ကျင်းပရန် စီစဉ်ထားပြီး CCP ၏ အဓိကတာဝန်မှာ နိုင်ငံအတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ချန်က ဆိုသည်။

ထို့ကြောင့် ယင်းကာလတွင် ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရုရှားအတိုက်အခံ ဗလာဒီမာ အိုစီကင်က ပြီးခဲ့သည့်သီတင်းပတ်က လူသိရှင်ကြားထုတ်ပြန်ခဲ့သည့် ပေါက်ကြား ခဲ့သည့် စာရွက်စာတမ်းနှင့်ပတ်သက်၍ ဥပဒေပြုအမတ်များ၏ မေးခွန်းကို ချန်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရုရှားဖက်ဒရေးရှင်း၏ ဖက်ဒရယ်လုံခြုံရေး ဝန်ဆောင်မှုဌာနမှ ထောက်လှမ်းရေးအရာရှိတစ်ဦးထံမှ အိုစီကင်က ရရှိခဲ့သည်ဟူသောစာတွင် တရုတ်သမ္မတက "တတိယအကြိမ် ပြန်လည်အရွေးခံရရန် အောင်မြင်မှု အနည်းငယ် လိုအပ်သောကြောင့်" "ယခုနှစ်ဆောင်းဦးတွင်ထိုင်ဝမ်ကိုသိမ်းပိုက်ရန်စဉ်းစားနေသည်" ဟု ဖော်ပြထားကြောင်း Focus Taiwan မှ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly