တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘော အနီးကပ်လေ့ကျင့်မှုကို ဖိလစ်ပိုင် ရှုတ်ချ

တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘော အနီးကပ်လေ့ကျင့်မှုကို ဖိလစ်ပိုင် ရှုတ်ချ

အငြင်းပွားတောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောတစ်စီးက အနီးကပ်လေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟု ဖိလစ်ပိုင်က ထုတ်ပြန်အသိပေးလိုက်သည်။

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်မှုမကင်းကြောင်း ပြောဆိုနေသည့် တောင်တရုတ်ပင်လယ်နေရာအများစုကို တရုတ်က ဆက်လက်တောင်းဆိုနေစဉ်မှာ ယခုဖြစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဘာဂျိဒီမာစင်လော့ ဟုဒေသတွင်းခေါ်ကြသည့် Scarborough ရေတိမ်သောင်ခုံ တစ်ဝိုက်တွင် ဖိလစ်ပိုင်ပင်လယ်ပြင်ကင်းလှည့်မှု လုပ်ဆောင်နေစဉ် မတ် ၂ ရက်က အနီးကပ်လေ့ကျင့်မှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က မတ်လ ၂၇ ရက်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ရေယာဉ်BRP Malabrigo (MRRV-4402) သည် ဘာဂျိုဒီရေတိမ်သောင်ခုံ အနီးတစ်ဝိုက် ရေပြင်တွင် ခုတ်မောင်းနေစဉ်၎င်းနှင့် ၂၁ ကိုက်ခန့် အကွာအဝေး၌ တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ် (CCG - 3305) သည် အနီးကပ်လေ့ကျင့်မှု ပြုလုပ်နေမှုကို စောင့်ကြည့်ခဲ့သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PCG တပ်မှူးချုပ် ကမ်းခြေစောင့်တပ်ဗိုလ်ချုပ်ကြီးအာတီမီယိုအမ်အာဗူက အဆိုပါဖြစ်ရပ်သည် ဘာဂျိုဒီမာဆင်လော့တွင် တရုတ်ရေယာဉ်နှင့်ပတ်သက်သော အနီးကပ်လေ့ကျင့်မှု ၄ ကြိမ်မြောက်ဖြစ်သည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် မေလက တရုတ်ကမ်းခြေစောင့်တပ်ရေယဉ် (CCG) သည် ပထဆုံးအကြိမ်အဖြစ် အနီးကပ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ်က အစီရင်ခံခဲ့သည်။

ကမ်းခြေစောင့်တပ်ရေတပ်ဗိုလ်ချုပ်ကြီး အာဗူက ဖိလစ်ပိုင်သည် ပင်လယ်ပြင်ရှိ အန္တရာယ်ရှိသော အခြေအနေများကို အပြည့်အဝ သတိပြုမိသော်လည်း အဆိုပါလှုပ်ရှားမှုများသည် နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် နိုင်ငံ၏ ပိုင်ဆိုင်မှုများနှင့် တပ်ဖွဲ့များဖြန့်ကြက်မှုကို ရပ်တန့်နိုင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly