ယူကရိန်းစစ်ပွဲတွင် ရုရှားကို အကူအညီပေးပါက စီးပွားရေး ဆိုးကျိုးများကို ရင်ဆိုင်ရမည်ဟု အမေရိကန်ပြောကြား

ယူကရိန်းစစ်ပွဲတွင် ရုရှားကို အကူအညီပေးပါက စီးပွားရေး ဆိုးကျိုးများကို ရင်ဆိုင်ရမည်ဟု အမေရိကန်ပြောကြား

ယူကရိန်းစစ်ပွဲတွင် ရုရှားကို အကူအညီပေးမည်ဆိုပါက တရုတ်အနေဖြင့် ဆိုးရွားသည့် စီးပွားရေးအကျိုးဆက် များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင့်ဖျင်ကို မတ်လ ၂၄ရက်တွင် သတိပေးပြောကြားခဲ့သည်။

ရုရှားကို တရုတ်က အကူအညီပေးနိုင်ခြေနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ယင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဘရပ်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်၌ မတ်လ ၂၄ရက်က ပြုလုပ်သည့် နေတိုးထိပ်သီးအစည်းအဝေးနှင့် ဂျီ-၇ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ ဘိုင်ဒင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခြိမ်းခြောက်မှု လုပ်ခဲ့ခြင်းမဟုတ်ဘဲ ရုရှားကို ကူညီခြင်း၏ အကျိုးဆက်များကို သမ္မတရှီ နားလည်အောင် ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

ရုရှား၏ အပြုအမူ၏ အကျိုးဆက်များကို ထောက်ပြခဲ့ပြီး တရုတ်က အနောက်နိုင်ငံများနှင့် ပိုမိုခိုင်မာသော စီးပွားရေးဆက်ဆံမှုများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းခဲ့ကြောင်း ထောက်ပြခဲ့သည်။

“တကယ်လို့ ရှေ့ဆက်သွားမယ်ဆိုရင် အဲဒီ ရည်မှန်းချက်တွေက အန္တရာယ်ကြီးကြီးမားမား ကျရောက် စေလိမ့်မယ်” လို့ ရှီကို ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် ဥရောပ၏ ပေါင်မုန့်တောင်း ဖြစ်ခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အမှန် တကယ် ဖြစ်လိမ့်မည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထို့အပြင် ဘိုင်ဒန်က ရုရှားကို ဂျီ-၂၀ အုပ်စုမှ ဖယ်ရှားသင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly