ယူကရိန်းအကျပ်အတည်းနှင့် ကိုဗစ်ပြန်လည်ဖြစ်ပွားမှုတို့ကြောင့် တရုတ် စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း မရရှိနိုင်

ယူကရိန်းအကျပ်အတည်းနှင့် ကိုဗစ်ပြန်လည်ဖြစ်ပွားမှုတို့ကြောင့် တရုတ် စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း မရရှိနိုင်

ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပြန်လည်ဖြစ်ပွားလာသော ကပ်ရောဂါကြောင့် တရုတ်သည် မကြာသေးမီက ကြေညာ ထားသည့် ကြီးမားသော ရည်မှန်းချက်ဖြစ်သည့် ၂၀၂၂ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်းကို မရရှိနိုင်ပေ။

တစ်ကျော့ပြန်ဖြစ်ပွားနေသော ကူးစက်ရောဂါ၊ မကြာခဏ ပြင်းထန်သော စည်းမျဉ်းစည်းကမ်းများနှင့် နှိမ်နင်း ခံရမှုနှင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အကြီးဆုံးပဋိပက္ခတွင် တရုတ်၏ ဒွိဟဖြစ်နေသောရပ်တည် ချက်ကြောင့် စီးပွားရေးခိုင်မာမှုအပေါ် ကျယ်ပြန့်စွာ မသေချာမရေရာမှုများဖြစ်စေကြောင်း The Washington Post တွင် အီဗာ ဒိုနှင့် ခရစ်ယာန် ရှီဟာ့ထ်တို့က ရေးသားဖော်ပြထားသည်။

မကြာသေးခင်အချိန်ထိ နိုင်ငံခြားအရင်းအနှီးကို ဆွဲဆောင်နိုင်သည့် ကူးစက်ရောဂါကို အနိုင်ယူခဲ့သည့် တရုတ် စတော့ရှယ်ယာလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အဆိုးမြင်မှုများ ဖြစ်ပေါ်လာသဖြင့် တရုတ်က ရည်မှန်းချက်ကြီးသော လျာထားချက်ကို ထိရောက်အောင် ဆောင်ရွက်နိုင်မည်လားဆိုသည့် သံသယများ ရှိနေသည်။

စီးပွားရေးကို မသေချာမရေရာမှုဖြစ်စေသော အကြောင်းရင်းများတွင် ပြည်တွင်းကိစ္စရပ်များအနေဖြင့် တရုတ် သမ္မတရှီကျင့်ဖျင်၏ ပြင်းထန်သည့် စည်းမျဉ်းများဖြင့် ထိန်းချုပ်မှုများနှင့် ၂၀၂၀ပြည့်နှစ်နောက်ပိုင်း ကိုရိုနာ

ဗိုင်းရပ်ဖြစ်ပွားမှုအပြင် အနောက် နိုင်ငံများနှင့် ဆက်ဆံရေးတင်မားနိုင်ခြေရှိသော ပြင်ပကိစ္စရပ်များလည်း ပါဝင်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် ကမ္ဘာ့ဈေးကွက်များတွင် နက်ရှိုင်း သော မငြိမ်မသက်ဖြစ်မှုများဖြစ်ပေါ်ချိန်တွင် ရုရှားအား စီးပွားရေး သို့မဟုတ် စစ်ရေးအကူအညီများ ပံ့ပိုးပေး မည်ဆိုပါက တရုတ်ကို ပိတ်ဆို့အရေးယူမှုများပြုလုပ်နိုင်သည်ဟု အီဗာ ဒိုနှင့် ခရစ်ယာန် ရှီဟာ့ထ်တို့က ရေးသား ဖော်ပြထားသည်။

အကျပ်အတည်းဖြစ်နေသောအိမ်ခြံမြေကဏ္ဍတွင် တရုတ်စည်းကမ်းထိန်းသိမ်းရေးအရာရှိများက ဈေးနှုန်းများ တည်ငြိမ်စေမည်ဟု ကတိပြုခဲ့ပြီး စီးပွားရေးအခြေအနေများကို ပိုမိုလှုပ်ခတ်သွားစေမည့် အိမ်ခြံမြေ အခွန်အကောက် စမ်းသပ်မှုကို အချိန်ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရှီ၏ ပြုပြင်ပြောင်းလဲမှုများ၏ ဦးတည်ချက်နှင့် အရှိန်အဟုန်နှင့် ပတ်သက်၍ မသေချာမရေရာမှုများအပြင် ပူတင်၏ ယူကရိန်းစစ်ပွဲမှ ရုန်းထွက်ရန် တရုတ်၏ ကြိုးပမ်းမှုများသည် နောက်ဆုံးတွင် ပြိုပျက်သွားမည်ကို စိုးရိမ်မှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required